စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်စစ်ဆေးရေးဂိတ်တွင် KIA (၁) ဦးအား ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်တွင်ရှိသော စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအဖွဲ့များက အများပြည်သူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် လူ/ယာဉ်သွားလာမှုများအား စစ်ဆေးခြင်းများပြုလုပ်လျက်ရှိရာ မန္တလေးမြိုဘက်မှ မောင်းနှင်လာသော ခရီးသည်ယာဉ် ၁ စီးအားရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော မှုနော်ထရွယ် သည် KIA (၁) ဦးဖြစ်ကြောင်း သက်သေ အထောက်အထားများနှင့်တကွ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့များက တရားဉပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။