ဥဏ္ဏလုံမွေးရှင်တော်ဟူသည်

မေလ ၁ ရက်နေ့မှာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့သည်ဟုသိရပါတယ်.။

ဥဏ္ဏလုံ မွေးရှင်တော်ဟူသည် သဗ္ဗေညု ဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါးတွင်ပါဝင်သည့် မြတ်စွာဘုရားရှင်၏ မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်အရပ်တွင် ဆွဲ၍ဆန့်လိုက်မှု လံဝက်မျှ(သုံးပေခန့်) ရှည်လျားပြီး လွှတ်လိုက်လျှင် လက်ယာရစ်ခွေ၍ စိန်ရောင်၊ ငွေရောင်အသွင် ဖြူစင်ဝင်းပသည့် မွေးရှင်တော်ဓာတ်ဖြစ်ပါတယ်။ ပါရမီတော်ဖြည့်ကျင့်ခဲ့သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်များဖြည်ကျင့်တော်မူစဉ် မုသာဝါဒသိက္ခာပုဒ်ကို လုံခြုံစွာစောင့်ထိန်းပြီး သစ္စာတရား၌တည်ခဲ့သော ကုသိုလ်တော်အစွမ်းကြောင့် ရရှိတော်မူခြင်းဖြစ်ပါတယ်။

ယခု မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် စီသွင်းပူဇော်သည့် ဥဏ္ဏလုံ မွေးရှင်တော်မြတ်တွင် ၁၈ ဒသမ ၀၈ ရတီရှိ စိန်ပွင့်ကြီး ၂ ပွင့်၊ ၄ ဒသမ ၃၄ ရတီရှိ စိန်ပွင့် အသေး ၄၄ ပွင့်၊ သလင်းကျောက် ၅၃ ပွင့်၊ ရွှေ(၁၂ ပဲအရည်) ၃ ကျပ်သား၊ ၁ ပဲ ၄ ရွေး၊ ငွေ ၄၂၇ ကျပ်သား ၈ ပဲရှိကြောင်းသိရှိရတဲ့အတွက် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မိဘပြည်သူအပေါင်းတို့ ကြည်ညိုသဒ္ဒါပွားများနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်.။