သတိထားဖို့


တပ်မတော်ကို ထောက်ခံနေတဲ့ page တစ်ခုခု
Group တစ်ခုခုကနေ
တပ်မတော်သားဇနီးများအတွက်
သီးသန့်လုပ်ပေးမယ့်အစီအစဉ်ရှိပါတယ်။
အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲပါ။
ဘေးဘယ်ညာ
အရှေ့အနောက် ဓါတ်ပုံလေးပုံ
မိမိခင်ပွန်းရဲ့အမည်နဲ့
ရာထူး ၊ တာဝန်ကျရာတပ်၊
မိမိနေရပ်လိပ်စာ ဖုန်းနံပါတ်
အတိအကျရေးပြီး
Cb က ပို့ပေးပါ။
ပထမဆု ၁၀ သိန်း
ဒုတိယဆု ၇ သိန်း
တတိယဆု ၅ သိန်း
အထူးဆု ၃ သိန်း။
အမလေး အလုအယက်ပဲ
ပိုကြတာ ပိုကြတာ
ဟိုက ၂၅ သိန်းရင်းပြီး
ဒေတာအကုန်ယူသွားတာတော့
မသိလိုက်ဘူး။
အရပ် ၅ ပေ ၂ ပေလက်မ အထက်
အမျိုးသမီးတွေကို
ဖုန်းဘေလ် တစ်သောင်း
ထည့်ပေးပါမယ်။
မိမိအရပ်အမှန်ကို
မှတ်ပုံတင်လေးတွေ ပြပြီး
ဖုန်းဘေလ်လာယူကြပါ ဆိုတော့
အလုအယက်နဲ့
မှတ်ပုံတင် အရှေ့အနောက်ရိုက်ပြီး
ပို့လိုက်ကြတာ။
ခံရတာတောင် နည်းသွားတာတော့
သူတို့မသိလိုက်ဘူး။

Crd..
သတိထားစေချင်တယ်