အောက်တိုဘာ ၂၉ ရက်နေ့မှုခင်းသတင်းများ

-အောက်တိုဘာ ၂၈ ရက် ၂၀၁၀ နာရီတွင် လဲချားမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာနေ စိုင်းစံအေး(ခ)အိုက်ထိုင်း (၃၆)နှစ်သည် ဇနီးဖြစ်သူ ဒေါ်နန်းခမ်းအောင်နှင့် ၁ နှစ်ခွဲသမီး မနန်းဆိုင်ဟိန်းတို့နှင့်အတူ နေအိမ်၌ ထမင်းစား နေစဉ် (စိစစ်ဆဲ)အမျိုးသား ၂ ဦးသည် လော့ဂျားဆိုင်ကယ် ၁ စီးဖြင့် နေအိမ်ခြံဝန်းရှေ့သို့ ရောက်ရှိလာခဲ့ပြီး သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် စိုင်းစံအေး(ခ)အိုက်ထိုင်း တွင် ဝဲဘက်ရင်အုံ လက်နက်ငယ်ကျည်ဖောက်ဝင်၊ ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ၊ ယာဘက်ဆီးခုံ ဖောက်ဝင် ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင့် သိရှိရ။

-အောက်တိုဘာ ၂၈ ရက် ၀၉၃၅ နာရီတွင် ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာနေ ဒေါ်ခင်ညို(၅၇)နှစ် စျေးရောင်းသည် ခင်ပွန်းဖြစ်သူ ဦးသောင်းမြင့်(၅၆)နှစ်၊ ဈေးရောင်းနှင့်အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သူ ၂ ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်သေနတ်(အတို) ၂ လက် ကိုင်ဆောင်၍ နေအိမ်အတွင်းဝင်ရောက်လာခဲ့ပြီး ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၈ ရက် ၁၁၀၀ နာရီတွင် ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှုအသက်မွေးပညာ သင်တန်းကျောင်းသို့ PDF အကြမ်းဖက် အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၁၅ ဦးခန့်သည် ယာဉ်အမှတ် (စိစစ်ဆဲ) လိုက်ထရက် (ဖြူ)ယာဉ်ဖြင့် ရောက်ရှိလာပြီး သင်တန်းကျောင်းအနီးရှိ 50 KVA ထရန်စဖော်မာ ၁ လုံး၊ ကာလတန်ဖိုး ၉၉ သိန်းကျပ်ခန့်အား ယူဆောင်၍ ဆားခါးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရှိရ။

-အောက်တိုဘာ ၂၈ ရက် ၀၉၃၀ နာရီတွင် နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာနေ ဦးထိန်လင်း(၅၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် (စိစစ်ဆဲ)ကျား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွား ခဲ့ရာ ဦးထိန်လင်းတွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၈ ရက် ၁၃၀၀ နာရီတွင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာနေ ရစဖမှူး ဦးကျော်တင့်(၆၅)နှစ်သည် ညောင်အုပ်ကျေးရွာမှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ပတ်လည်အင်းကျေးရွာသို့ အရောက်တွင်(စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးကျော်တင့်တွင် ယာရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပါးကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရ။