ဒေါပုံမှာ YBS ယာဉ်တစ်စီး မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်းမှာ မတ်လ ၈ ရက်၊ နေ့လည်ပိုင်းအချိန်က ဖြစ်ပွားခဲ့တဲ့ ယာဥ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်က YBS 139 မီနီဘတ်စ်ယာဉ်နဲ့ အိမ်စီးယာဉ်ငယ်တစ်စီးတို့ တိုက်မိခဲ့ကြရာကနေ YBS ယာဉ်တိမ်းမှောက်ပြီး မီးလောင်ကာ ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။