မြဝတီမြို့မှာ ကြက်ဥ တစ်လုံး ကျပ် ၅၀၀ အထိမြင့်တက်လာ


ကရင်ပြည်နယ် မြဝတီမြို့မှာ ကြက်ဥ တစ်လုံး ကျပ် ၅၀၀ အထိ မြင့်တက်လာတယ်လို့ မြို့ခံတွေ့ ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး အာရှလမ်းပိုင်းတွေမှာ လမ်းပိုင်းပြတ်ကျတာတွေကြောင့် ကားတွေ သွားလာလို့မရဘဲ ကုန်စည်စီးဆင်းမှု နှေးကွေးနေတဲ့ချိန် ကုန်ဈေးနှုန်းတွေ မြင့်တက်လာ နေတယ်လို့ ယင်းတို့က ပြောပါတယ်။

မြဝတီမြို့ခံတစ်ဦးက “ အခု မြဝတီမှာ ကြက်ဥ တစ်လုံး ၅၀၀ ဖြစ်ပွားပြီ။ အာရှလမ်း ပြိုုလို့ လမ်းဟောင်းကနေ သွားလာနေကြပဲ ။ အခု ကြက်ဥ ဈေးက ၅ ရက်အတွင်းမှာပဲ ကျပ် ၃၀၀ ကနေ အခု ကျပ် ၅၀၀ အထိ တက်သွားတာ” လို့ ပြောပါတယ်။

လက်ရှိမှာ မြဝတီမြို့က ကုန်စုံဆိုင်နဲ့ ဈေးဆိုင်တွေအနေနဲ့ အခြေခံစားသောက်ကုန်တွေကို ဈေးတင်မရောင်းဖို့ အဆမတန် ဈေးတင်ရောင်းချတဲ့ ဆိုင်တွေကို တွေ့ရှိပါက ချိတ်ပိတ်ခံရသည်အထိ အရေးယူမှုလုပ်ဆောင်သွားမယ်လို့ အရေးပေါ်ဒေသန္တရအမိန့် ထုတ်ပြန်ထားပါသေးတယ်။