ဆေးတက္ကသိုလ်နဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်ဝင်ခွင့်ရတဲ့ကျောင်းသားတွေ ကျောင်းအပ်ကြပါ

ဆေးတက္ကသိုလ်နဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်ဝင်ခွင့်ရတဲ့ကျောင်းသားတွေ အချိန်မီ ကျောင်းအပ်ကြပါဆိုပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် များ၏ ပထမနှစ် သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသူများစာရင်းကို ယနေ့ နိုဝင်ဘာ ၇ ရက်နေ့စပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ Website (www.moh.gov.mm), Facebook Page (Ministry of Health, Myanmar)၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၏ Website (www.hrh.gov.mm) နှင့် သက်ဆိုင်ရာ တက္ကသိုလ် များတွင် ကြေညာထားမယ်လို့လည်း ဆိုပါတယ်၊

ပထမနှစ်သင်တန်းများကို လာမည့် နိုဝင်ဘာ ၂၃ ရက်မှစတင်ကာ ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များတွင် အခု နိုဝင်ဘာ ၁၆ ရက်နေ့စပြီးတော့ (စနေနှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးသွား မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။