မဲဆောက်မှာ မြန်မာနိုင်ငံသား၂ ဦး သေနတ် ၂ လက်နဲ့အတူဖမ်းဆီးခံရ

မေလ ၁ ရက်၊ ညနေပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲဆောက်-အုံးဖျန် လမ်းမပေါ်မှာ မြန်မာနိုင်ငံသား ၂ ဦး အရှိန်ပြင်းစွာမောင်းနင်းလာတဲ့ ဆိုင်ကယ်ကို ရဲတပ်ဖွဲက မသင်္ကာတဲ့အတွက် တားစီးစစ်ဆေးခဲ့ရာမှာ ဓါတ်မြေဩဇာအိပ်နဲ့ ပတ်ထားတဲ့ AK- 47 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ အမျိုးအမည်စီစစ်ဆဲ သေနတ်အရှည် ၁ လက်၊ စုစုပေါင်း ၂ လက် တွေ့ရှိခဲ့‌တာကြောင့် ထိုင်းရဲတပ်ဖွဲက ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းသိရပါတယ်.။

ထိုင်းအာဏာပိုင်များက အခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် မြိုမှာ လုံခြုံရေးတင်းကြပ်ထားပြီး အထူးသဖြင့် မြန်မာနိုင်‌သားတွေကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေကာ နေထိုင်ခွင့်အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေကြောင်းသိရှိရပါတယ်.။