ဇန်နဝါရီလ ၂၂ ရက်နေ့တိုက်ပွဲသတင်းများ

-ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်စဉ် ရွှေညောင်ပင်ရွာအနီးသို့အရောက် KIA+PDF ပူးပေါင်းအဖွဲ့ ၄၀ ဦးခန့်က Drone ၁ စီးဖြင့် Bomb ၂ လုံး၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ ဆုတ်ခွာသွားခဲ့။

-ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းစခန်းအနီး ဝန်းကျင်ရှင်းလင်းစဉ် KIA+PDF ပူးပေါင်းအင်အား ၂၀ ဦးခန့်အား တွေ့ရှိသဖြင့် မိမိဘက်မှ စတင်ပစ်ခတ်ခဲ့ရာ ရန်သူမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက် ၁ လောင်း၊ ယမ်းကဒ် ၇ ကဒ် သိမ်းဆည်းရရှိ။

-ရှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို့ KIA ၁၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-ကယားပြည်နယ် ဘောလခဲမြို့နယ် ၁၂ မိုင်စခန်းသို့ နေရာ ၃ နေရာမှ KNPP/KNDF နှင့် PDF ပူးပေါင်း ၁၅၀ ဦးခန့်က Drop Bomb များ၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ကယားပြည်နယ် မယ်လယုဒေသအတွင်း၌ လုံခြုံရေးတပ်ဖွဲ့များနှင့် KNPP+PDF ပူးပေါင်းအင်အား ၈၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူထံမှ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့။

-ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုးတုံမြို့နယ် နားကော်(၃) ရွာ အနီး လုံခြုံရေးဆောင်ရွက်နေစဉ် HILUX REVO(လိုင်စင်မဲ့) ယာဉ်ကို ရှာဖွေစစ်ဆေးရာ- အိုက်စ် ၁၅၀၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၇၅ ကီလိုဂရမ်၊ ကတ်တမင်း ၅၅ ကီလိုဂရမ်(စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၅.၁၀ ဘီလီယံခန့်)၊ အမ်(၁၆) ၁ လက်၊ အမ် (၂၂) ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၆၀ တောင့်တို့နှင့်အတူ တရားခံ ၂ ဦးအား ဖမ်းဆီးရမိ)

-ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ်ဂိတ်နှင့် တောင်ပေါက်ကာကင်းများသို့ AA သောင်းကျန်းသူ ၅၀ ဦးခန့်စီ လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးနယ်မြေရဲစခန်းသို့ နေရာ ၄ နေရာမှ အကြမ်းဖက် ၁၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ PDF အကြမ်းဖက်များက Drone ၁ စီးဖြင့် Bomb ၃ လုံး ဖြုတ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူထံမှ Drone ၁ စီး သိမ်းဆည်းရမိခဲ့။

-နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ အကြမ်းဖက်များအား တိုက်ခိုက်ရန် ထွက်ခွာလာစဉ် ကျောက်မဲလေးရွာ အနီးသို့အရောက် TNLA+PDF ပူးပေါင်း ၁၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။