ဇူလိုင်လ ၇ ရက်နေ့ မှုခင်းသတင်းများ

ဇူလိုင်လ ၆ ရက် နံနက် ၀၇၀၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ ချိုင်ကျေးရွာနေ ဦးရင်မောင်ထွန်း (၄၁) နှစ် ရေယာဉ်မောင်းသည် ၎င်းပိုင်စက်လှေဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ကံကုန်းကျေးရွာမှ ညောင်ပင်ကြီးကျေးရွာသို့ တစ်ဦးတည်းမောင်းနှင်လာစဉ် ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိဆိပ်ကမ်းအရောက်၌ အကြမ်းဖက်သောင်း ကျန်း သူများက ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်းသိရှိရ။

ဇူလိုင်လ ၆ ရက် နံနက် ၀၆၄၀ အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ သရက်တောမြောက်ကျေးရွာနေ ဦးမြင့်ဦး(၆၂) နှစ်အား  ၎င်း ၏နေအိမ်၌ PDF အကြမ်းဖက်သမား၄ ဦးမှ  ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် သေဆုံးသွားခဲ့။

ဇူလိုင်လ ၆ ရက် ၁၈၄၀ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံတား မြို့နယ် ကျွဲတလင်းကျေးရွာနေ ဦးဇော်ဇော်လတ် (၄၈) နှစ်အား အကြမ်းဖက် သမားများမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်းသိရှိရ။