၁၉-၆-၂၃ ရက်နေ့ မှုခင်းသတင်းများ

  • ဇွန်လ ၁၈ ရက်၊  ညနေ ၁၆၂၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ဈ) ရပ်ကွက်၊ မေဓာဝီလမ်း၊ အမှတ်(၃၄၇) ရှိ “မြတ်မောင်” ရွှေဆိုင်သို့ ကျား ၃ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်၍ ရွှေဆိုင်ကောင်တာမှန်အား ရိုက်ခွဲကာ ကောင်တာအတွင်းမှ စိန်ထည်ပစ္စည်း ၁၂၅ ခု( ကာလတန်ဖိုး သိန်း ၅၀၀ ခန့်) နှင့် ရွှေလက်ကောက် ၅၂၃ ကွင်း၊ ရွှေဆွဲကြိုး ၃၀ ကုံး၊ ဟန်းချိန်း ၆၉ ခု၊ နားကပ်နှင့် ဆွဲပြားအပါအဝင် စုစုပေါင်း ရွှေထည်ပစ္စည်းမျိုးစုံ ၄ ပိဿာ ၁ ကျပ် ၅ ပဲသားခန့်၊ စုစုပေါင်းကာလတန်ဖိုး သိန်း ၁၆၆၀၀ ကျပ်ခန့်တို့အား လုယက်ယူဆောင်သွားပြီး ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ဦးအောင် အောင် (၃၀) နှစ်နှင့် ဦးချစ်လှမိုး (၂၅) နှစ်တို့တွင် ကျည်ထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရ။
  • ဇွန်လ ၁၈ ရက် ၁၀၀၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်နေ ဒေါ်နေခိုင် (၅၄) နှစ်သည် မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သမား ၅ ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဒေါ်နေခိုင်၏ ဖခင်ပွန်းဖြစ်သူ  ဦးဘီမောက်(၅၉) နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့။
  • ဇွန်လ ၁၇ ရက် ၁၅၁၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ပိန္ဒဲလျှိုကျေးရွာနေ မောင်အောင်ထူးမောင် (၁၂) နှစ်သည် ကျေးရွာရှိ ရေကန် သို့ ရေချိုးရန်သွားရောက်စဉ် အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သော လက်နက် ကြီးမှာ ရေကန်အနီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဗုံးစထိမှန် ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရှိရ။
  • ဇွန်လ ၁၈ ရက် ၁၅၀၀ နာရီတွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စင်းတဝဲ(အနောက်) ကျေးရွာနေ ဦးကျော်ရွှေ (၅၅) နှစ်သည် တစ်ရွာတည်း နေ ၎င်း၏ဖခင်အိမ်သို့ အလည်ရောက်ရှိနေစဉ်  အကြမ်းဖက် သမား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဦးကျော်ရွှေအားလက်လုပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် သေဆုံးသွားခဲ့ကြောင်းသိရှိရ။
  • ဇွန်လ ၁၇ ရက် ၁၅၃၀ အချိန်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ မြင်တော်ကျေးရွာနေ ဦးဖိုးဖိုး (၅၃) နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်သင်းတို့ ၂ ဦးသည် ဝက်လက်မြို့မှ သခွတ္တော(တောင်) ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ကျေးရွာအဝင်၌ အကြမ်းဖက်သမားများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။
  • ဇွန်လ ၁၈ ရက် ၁၆၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ဦးအောင်ကျော်မြင့် (ခ) ဒီမို(၃၅) နှစ်သည် ၎င်းပိုင်ဆိုင် သည့် ဆိုင်ကယ်ပြင်ဆိုင်၌ တစ်ဦးတည်းရှိနေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ္စတို/လက်နက်ငယ်တို့ဖြင့် ၇ ချက်ခန့်ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း ၃ လုံးနှင့် Dayang အမျိုးအစား ဆိုင်ကယ်အား ယူဆောင်သွားကြောင်းသိရှိရ။
  • ဇွန်လ ၁၈ ရက် ၁၇၄၅ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းမှ ထွက်ခွာလာသော ကုန်တင်ယာဉ်သင်္ဘော( ဇီဝိတ နှင့် Hayday ) သင်္ဘော ၂ စီးတို့သည် ဒါးကျွန်းကျေးရွာအနီးသို့ရောက်ရှိစဉ် PDF အကြမ်းဖက် ၂၀ ဦးခန့်က ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဇီဝီတသင်္ဘောပေါ်တွင် လိုက်ပါ လာသော ဦးဇော်ဇော်ဦး (၃၇) နှစ် ကြံခင်းမြို့နေသူတွင် ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရ။