PDF ထောင်ထားတဲ့ ဗုံးပေါက်ကွဲ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ၊ ကျောင်းစိုးအုပ်စု သဲကောကျေးရွာတွင် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ထောင်ထားသော မိုင်းပေါက်ကွဲခဲ့သဖြင့် ၁ ဦးသေဆုံးကာ ၅ ဦးမှာ ပြင်းထန် ထိခိုက်ဒဏ်ရာများရရှိကာ စိုးရိမ်ရအခြေအနေတွင် ရှိနေကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီအချိန်ခန့်က ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့အထွက် တစ်မိုင်ခန့် အကွာ သဲကောကျေးရွာရှိ ဦးဇော်လေး(ခ)ဦးအောင်လွင်၊ ၅၃ နှစ်၊ (ဘ)ဦးကျော်ရှိန် သတိပဌာန်ရပ်ကွက်၊ ပဲနွယ်ကုန်းမြို့ နေသူပိုင်ဆိုင်သော ကားများထားသော ဂိုဒေါင် ခြံဝန်းအတွင်း၌ သန့်ရှင်းရေး ပြုလုပ်ရန်အတွက် ဝေဖြိုးအောင်၊ ၃၃ နှစ်၊ ယာဉ်မောင်း၊ ရွာမရပ်ကွက်၊ တောကျွဲအင်းမြို့၊ ရဲလွင်ထွေး(ခ)ပြည့်စုံအောင် ၂ဝ နှစ်၊ ယာဉ်မောင်း၊ ရွှေဝါရွာ၊ တောကျွဲအင်း မြို့၊ မဟာညွှန့်ဝင်း၊ ၂၆နှစ်၊ ယာဉ်မောင်း၊ သတိပဋ္ဌာန်ရပ်ကွက်၊ ပဲနွယ်ကုန်းမြို့၊ မောင်သက် ၄၄ နှစ်၊(ဘ)ဦးချစ်ဆွေ၊ သဲကော ကျေးရွာ၊ ပဲနွယ်ကုန်းမြို့၊ ဦးထွန်းမြတ်ထွန်း၊ ၄၉ နှစ်၊ (ဘ)ဦးသိန်းဟံ၊ အောင်မြေရပ်ကွက်၊ ပဲနွယ်ကုန်းမြို့၊ မျိုးဇော်သန့် ၃၄ နှစ်၊ (ဘ)ဦးဇော်လွင်၊ ကားဝပ်ရှော့လုပ်၊ ညောင်ဝိုင်းကျေးရွာ၊ ပဲနွယ်ကုန်းမြို့နေသူတို့နှင့်အတူ သွားရောက်ခဲ့ရာ ခြံအနီးရှိ ရေမြောင်းအစပ်တွင် PDF အကြမ်းဖက်သမားများ ထောင်ထားသောဗုံး ၁ လုံးအား ဦးဇော်လေး(ခ)ဦးအောင်ဇော်လွင်၏ သမက်တော်စပ်သူ မဟာညွှန့်ဝင်းမှ တွေ့ရှိခဲ့ပြီး ဗုံးအား ၈ လက်မခန့်ရှိ ပိုက်လုံးအတွင်းသို့ထည့်၍ လှုပ်ခဲ့ရာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါပေါက်ကွဲမှုကြောင့် မဟာဆန်ဝင်းတွင် ဝဲ/ယာ လက်နှစ်ဖက် ပြတ်ဒဏ်ရာ၊ ရင်ဘတ်ဖေါက်ဝင်ဒဏ်ရာ၊ လည်ပင်း ဖေါက်ဝင်ဒဏ်ရာ၊ ခါးပေါက်ဝင်ဒဏ်ရာ၊ မျက်နှာယာဘက်ခြမ်းပျက်စီးဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ ရဲလွင်ထူး(ခ)ပြည့်စုံအောင်၊ ဝေဖြိုးအောင်၊ မောင်သက်၊ ဦးထွန်းမြတ်ထွန်း၊ မျိုးဇော်သန့်တို့တွင် ပြင်းထန်ထိခိုက် ဒဏ်ရာ များရရှိခဲ့ပြီး အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရှိရပါသည်။

PAN