မှုခင်းသတင်းများ

-မတ်လ ၁၆ ရက်နေ့ ၀၁၀၀ နာရီတွင် နတ်တလင်းမြို့နယ်၊ ကျောက်ဆွယ်ကျေးရွာတွင် နေထိုင်သော ဦးဝင်းသိန်း(၅၄)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးမှ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဦးဝင်းသိန်းတွင် ယာနားနောက်၊ ဝဲနံစောင်း၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့။

-မတ်လ ၁၅ ရက်နေ့ ၀၈၀၀ နာရီတွင် သံဖြူဇရပ်မြို့၊ ဖောင်စိန်တိုးဂိတ်မန်နေဂျာ အေးကို(၃၈)နှစ်နှင့် တိုးဂိတ်တာဝန်ခံ အောင်ဖြိုးဝေ(၃၀)နှစ်တို့ ၂ ဦးသည် Honda Fit (အဖြူရောင်)ယာဉ်ဖြင့် မုဒုံမြို့မှ သံဖြူဇရပ်မြို့သို့ မောင်းနှင် လာစဉ် မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၊ မုဒုံ-သံဖြူဇရပ်သွားလမ်းသို့အရောက်၌ အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ အောင်ဖြိုးဝေတွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး အေးကို မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိရ။

-မတ်လ ၁၅ ရက် ၀၅၅၀ နာရီတွင် လက်ပံတန်းမြို့နယ်၊ သရက်တောကျေးရွာတွင် နေထိုင်သော ဦးစိန်ဦး(ခ)ဖိုးစိန်ဦး (၆၄)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်လှရီ(၆၅)နှစ်တို့သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးခန့်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးစိန်ဦး၌ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ၊ နောက်စေ့ ပြတ်ရှဒဏ်ရာနှင့် ဒေါ်လှရီ၌ ဝဲဘက်ဝမ်းဗိုက်၊ ဝဲရင်အုံကျည်ထိမှန်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့။