ပခုက္ကူမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦးသေတယ်လို့ DVB မှ သတင်းအတုရေး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း အောက်တိုဘာ ၂၂ ရက် မနက်က တပ်ယာဉ်တန်းရဲ့ ကြိုပွိုင့်ကား ၃ စီး ကန်တော်ကျေးရွာနားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်သေဆုံးခဲ့တယ်လို့ DVB မှ ရေးသားထားတာတွေ့ရှိခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေရွာနားတွင် တပ်ယာဉ်တန်းရောက်ရှိလာခြင်းမရှိသလို PDF များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ DVB မှ မြေလတ်အသံ နည်းတူ ဖြစ်စဉ်မရှိဘဲ တပ်မတော်ကို အပုတ်ချချင်တာနဲ့ပဲ စိတ်ကူးယဉ်ဂုဏ်ဖော် မိုင်းဆွဲတိုက်ခိုက်တာ မြေလတ်အသံက တပ်သား ၄ ဦးသေတယ်၊ DVB က ၉ ဦးသေတယ်လို့ အောက်တန်းကျစွာ ဗြောင်လိမ်ဗြောင်စားရေးသားထားခြင်းဖြစ်ပါသည်။