PDFဆီလှူတဲ့ပြည်သူတွေရဲ့ အလှူငွေတွေက ပြည်သူကိုပြန်သတ်ဖို့ဖြစ်နေပြီလား?

nug အလှူခံ
ကြောင်းပြ အာဏာထိန်းလိုက်တဲ့ စစ်တပ်ကို မကြိုက်လို့ လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်ပုန်ကန်နေကြတဲ့
NUG၊ PDF နဲ့ NLD အစွန်းရောက်ထောက်ခံသူတွေက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာတွေမှာ လက်နက်မရှိတဲ့ မိသားစုလိုက်
အေးချမ်းစွာနေထိုင်နေသူတွေကို ပစ်မှတ်ထားပြီး အလွယ်တကူ ရက်ရက်စက်စက် သတ်ဖြတ်နေတာကတော့ ငြင်းလို့မရနိုင်ပါဘူး။
ဒီလိုသတ်ဖြတ်မှုတွေကို PDF တွေ အလွယ်တကူ ထင်ရာစိုင်းလုပ်နိုင်အောင် ပြည်ပမှာ တိမ်းရှောင်နေတဲ့ NUG အဖွဲ့နဲ့ EAOs နယ်မြေတွေရောက်ရှိနေတဲ့
NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက လက်နက်၊ ခဲယမ်း၊ ငွေကြေး ထောက်ပံ့ပေးနေတာကိုလည်း မြင်တွေ့နေရပါတယ်။
ဒီလိုထောက်ပံ့ပေးနိုင်အောင် NUG နဲ့ သူတို့ရဲ့ အမာခံလော်ဘီ Fundraiser တွေက ပြည်သူဆီက အလှူခံငွေတွေကောက်ခံပေးလျက်ရှိပါတယ်။
ဒါကြောင့် ပြည်သူကို သတ်ဖြတ်ဖို့ ပြည်သူတွေဆီက ငွေကြေးကောက်ခံပြီး ပြည်သူတွေကို ဒုက္ခပေးနေသလိုဖြစ်နေပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ စေခိုင်သူ၊ စီစဉ်သူတွေက ကျည်ကွယ်မျက်ကွယ် ဘေးလွတ်ရာမှာ အလှူခံရငွေတွေနဲ့ ဇိမ်ကျကျနေနေပြီး
လက်ရဲဇက်ရဲ ထင်ရာစိုင်းနေတဲ့ မြို့ပေါ် PDF တွေကို အသုံးချနေတာကို စဉ်းစားဆင်ခြင်သုံးသပ်ကြည့်ကြစေချင်ပါတယ်။
စစ်တပ်ကို မကြိုက်လို့ စစ်တပ်ကို တော်လှန်ဖို့ ထည့်ဝင်လိုက်တဲ့ အလှူငွေတွေက ပြည်သူ အချင်းချင်း သတ်ဖြတ်မှုတွေအတွက်
လက်နက်၊ ခဲယမ်းနဲ့ ထောက်ပံ့ကြေးတွေ ဖြစ်သွားတာကို အလှူရှင်တွေ သိကြပါရဲ့လားလို့ မေးလိုက်ချင်ပါတယ်။