AAအဖွဲ့ရဲ့ မိုက်မဲတဲ့လုပ်ရပ်

နယ်ခြားစောင့်ရဲစခန်းဆိုတာ တိုင်းပြည်လုံခြုံရေးအတွက် ခြံစည်းရိုးဖြစ်ပါတယ်။
တနည်းအားဖြင့် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီတွေခိုးမဝင်လာစေဖို့နဲ့
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတာဝန်ထမ်းဆောင်နေတဲ့
နယ်မြေထိန်းလုံခြုံရေးစခန်းသာ ဖြစ်ပြီး တိုက်ခိုက်ရေးတပ်မဟုတ်ပါဘူး..
အထူးသဖြင့်တော့ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ပြီး ဖြစ်ပွားတတ်တဲ့ လူမှောင်ခိုနဲ့
မူးယစ်ဆေးဝါး သယ်ဆောင်မှုတွေကို ထိန်းချုပ်နိုင်ဖို့ နယ်စပ်မျဉ်းပေါ်မှာ
တာဝန်ယူရတဲ့ လုံခြုံရေးစခန်းငယ်သာ ဖြစ်ပါတယ်။
ဒီလိုစခန်းငယ်လေးကို သာလွန်တဲ့ အင်အားနဲ့ ရက်ပေါင်းများစွာ၊ AA တပ်ဖွဲ့ဝင် ရာဂဏန်းလောက်နီးနီး
ထိခိုက်အဆုံးရှုံးခံပြီးတိုက်ရတဲ့ အကြောင်းအရင်းကတော့ AA သောင်းကျန်းသူအဖွဲ့ရဲ့
အဓိကအသက်မွေးဝမ်းကြောင်းဖြစ်တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ လမ်းကြောင်း
ပိတ်စို့ခံနေရလို့ လမ်းကြောင်းရှင်းလင်းတာဖြစ်ပါတယ်။
ကချင်ပြည်နယ် KIAဌာနချုပ် လိုင်ဇာမှာ ပုန်းခိုနေတဲ့ AA ခေါင်းဆောင်ပိုင်းက သူတို့ရဲ့
အဓိကစီးပွားရေးအတွက် တိုင်းပြည်လုံခြုံရေး တနည်းအားဖြင့် သူတို့ရခိုင်ပြည်နယ်လုံခြုံရေးအတွက်
ဘင်္ဂလီအန္တရာယ်ကို ကာကွယ်ပေးနေတဲ့ နယ်ခြားစောင့်ရဲတွေကို တိုက်ခိုက်မှုရဲ့ ဆိုးကျိုးကိုတော့
ဒေသခံရခိုင်ပြည်သူတွေပဲ ခံစားကြရမှာဖြစ်ပါတယ်…သေချာတာကတော့ စစ်ပွဲတွေ ပြန်ဖန်တီးတဲ့
လိုင်ဇာက AA ခေါင်းဆောင်ပိုင်းက လုံလုံခြုံခြုံ အန္တရာယ်မရှိပေမဲ့ စစ်ပွဲတွေ ပြန်ဖြစ်လာမဲ့
ရခိုင်မြေကတော့ စစ်ရဲ့ အနိဋ္ဌာရုံတွေကို ခံစားမြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။