မြန်မာမြေပေါ်က အကြမ်းဖက်များ (သို့မဟုတ်) PDF

ကမ္ဘာပေါ်က ဘယ်လောက်ဆိုးသွမ်းယုတ်မာတဲ့ သူပုန်ဖြစ်ဖြစ် မြန်မာပြည်က NUG KIA KNU PDF တွေလောက်တော့ မယုတ်မာကြဘူးထင်ရပါတယ်။

NUG ခိုင်းလို့ KIA KNU PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေက ဩချယူလို့ရပါတယ်။ အဆိုးဆုံးက ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးနေမှုပါပဲ။

စာသင်ကျောင်းတွေ၊ ဆရာ/ဆရာမတွေ၊ စာသင်ကလေးတွေအပေါ် အကြမ်းဖက်လုပ်ရပ်ဟာ နိုင်ငံတော်ရဲ့ အနာဂတ်ကို ဖျက်ဆီးတာဖြစ်ပါတယ်။ ဒါတွေကို ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသလို ပြည်ပရောက် အကြမ်းဖက် NUG တွေကအမိန့်ပေးပြီး ပြည်တွင်းကို လှမ်းဖျက်ဆီးတယ်။ ပြည်တွင်းကအကြမ်းဖက်တွေက ကလေးတွေ စာသင်လို့မရအောင် အကြမ်းဖက်ကြတယ်။ ကျောင်းဆရာ/ ဆရာမတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေ လုပ်ဆောင်ကြတယ်။

ဒီ ၁ လ ၂ လအတွင်းမှာ စာသင်ကျောင်းတွေကို Drop ဗုံးချတာတွေ၊ ရှော့တိုက်ဒုန်းနဲ့ပစ်တာတွေစတဲ့ အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်တွေ့လာနေရပါတယ်။ ဒီလိုလုပ်ရက်မျိုးကို ဆိုးလှပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် မကြားဖူးဘူး။

စာသင်ကျောင်းတွေကို အကြမ်းဖက်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ စစ်စခန်းအဖြစ်အသုံးပြုတာတွေဟာ War Crimes မြောက်ပြီး ဘယ်နိုင်ငံကမှ လက်မခံဘူးဆိုတာ သိဖို့ကောင်းတယ်။

CRD; KO THET