ပလက်ဝမြောက်ပိုင်း CDF အဖွဲ့မှ ရွာသား ၁၃ဦးအား အတင်းအဓမ္မဖမ်းဆီး သွားသောကြောင့် တပ်စစ်ကြောင်းမှလိုက်လံကယ်ယူစဉ် CDF အဖွဲ့နှင့် တိုက်ပွဲဖြစ်

Breakingnews

ပလက်ဝမြောက်ပိုင်း ရှင်းလက်ဝရွာအနီးရှိ ခုံရွာအတွင်းသို့ ချင်းအကြမ်းဖက် CDF အဖွဲ့မှ အင်အား ၄၀ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ခူမီး/ခရစ်ယာန်၊ တောင်ယာလုပ်ကိုင်သူ ရွာသူ/သား ကျား ၁ဝ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၃ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းသတင်းရရှိသဖြင့် ၆ – ၁- ၂၀၂၃ ရက်နေ့က တပ်စစ်ကြောင်းမှလိုက်လံရှင်းလင်း ကယ်ယူစဉ် CDF အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
CDF အဖွဲ့ဖမ်းဆီးသွားသူများမှာ –
(က) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင်(ဘ) ဦးကျော်ခင်၊ ၅၃ နှစ်၊
( ခ ) ဦးသိန်းဌေး(ဘ) ဦးဝှေ့ယေ့၊ ၃၂ နှစ်။
( ဂ ) မောင်အောင်နိုင်ထွန်း(ဘ) ဦးမောင်ဖြူ၊ ၂၆ နှစ်။
(ဃ) မောင်ဇာနည်လင်း(ဘ) ဦးမောင်ထွန်း၊ ၁၈ နှစ်။
( င ) မောင်ငြိမ်းလင်းအောင်(ဘ) ဦးအောင်ကျော်စိန်၊ ၂၄ နှစ်။
( စ ) မောင်ဧပြီအောင်(ဘ) ဦးအောင်ကျော်စိန်၊ ၁၆ နှစ်။
(ဆ) မောင်ရှင်ဇံအောင်(ဘ) ဦးအောင်ကြီး၊ ၁၇ နှစ်။
( ဇ ) အောင်သိန်းဝှေ့(ဘ) ဦးရောဟန်၊ ၂၇ နှစ်။
( ဈ ) မောင်ကျော်အေး(ဘ) ဦးကျော်မောင်၊ ၂ဝ နှစ်။
(ည) မောင်ထွန်းလင်းအောင်(ဘ) ဦးမောင်ကျော်၊ ၂၅ နှစ်။
( ဋ ) မဝှေ့ဝိုက်(ဘ) ဦးအောင်မြိုင်၊ ၁၈ နှစ်။
( ဌ ) မရွှေမာစိန်(ဘ) ဦးကျော်လှ၊ ၁၆ နှစ်။
( ဍ ) မစံလေးခင်(ဘ) ဦးအောင်လင်းဒွေး၊ ၂ဝ နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများမှ လိုက်လံဝိုင်းဝန်းပိတ်ဆို့ ရှင်းလင်းခဲ့ရာ CDF အဖွဲ့ထံမှ အလောင်း ၄ လောင်း၊ လက်နက်/ခဲယမ်းများ၊ သံပိုက်ဖြင့် ပြုလုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်းများနှင့် CDF လက်မောင်းတံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၄ စုံ ရရှိခဲ့ပြီး သောင်းကျန်းသူများ ကစဉ်ကလျားထွက်ပြေးသွားကြောင်း သိရှိရသည်။