PDF အကြမ်းဖက်များ၏ လူမဆန်တဲ့လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅,၉၃၈ ဦးကျော် ထိခိုက်သေဆုံး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့အခြေစိုက် သံတမန်များနှင့် ကုလ သမဂ္ဂဌာနေ ကိုယ်စားလှယ်တို့အားတွေ့ဆုံစဉ်၌ PDF အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅,၉၃၈ (အရပ်သား ၄၈၇၈ ဦးနှင့် အစိုးရဝန်ထမ်း ၁၀၆၀) ကျော် ထိခိုက်သေဆုံးခဲ့ခြင်း၊ PDF များ၏ အကြမ်းဖက်အဖျက်အမှောင့် လုပ်ရပ်များနှင့် ဥပဒေပြင်ပလုပ်ရပ်များမှ ပြည်သူများအားကာကွယ်ရန် အစိုးရအနေဖြင့် PDF အကြမ်းဖက်သမားများကို တုံ့ပြန်ဆောင်ရွက်ရသည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါတယ်။