ဟုမ္မလင်းမြို့နယ်တွင် KIA/PDF အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၄ လောင်းနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မြို့နယ်အတွင်း ပူးပေါင်းလုံခြုံရေးအဖွဲ့များမှ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဟုမ္မလင်း မြို့နယ်၊ နတ်နန်းကျေးရွာအနီးတွင် KIA/PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ့များမှ
ဇန်နဝါရီ ၅ ရက်မွန်းလွဲ ၁နာရီခွဲခန့်တွင် သွားရောက် ရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA/PDF အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲများ ထွက်ပြေးသွားခဲ့ပြီး ၎င်းတိုထံမှ

အကြမ်းဖက်အလောင်း ….၄ လောင်း၊
သေနတ် ………၁ လက်၊
ကျည်အိမ် …..၅ ခု၊
ကျည် မျိုးစုံ ……၁၂၀ တောင့်၊
လက်လုပ်မိုင်း ……၄ လုံး၊
လက်လုပ်လက်ပစ်ဗုံး ……၅ လုံး၊
အီကွေ့မန့် ……၃ စုံ

တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။