ရွှေစင်ရုပ်တုရင်ထိုးတံဆိပ်များအတွက် လိုအပ်သည့်ရွှေများကို နိုင်ငံတော်က ကျခံသွားမည်

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား၌ အကယ်ဒမီရွှေစင်ရုပ်တုတွင်တပ်ဆင်မည့် ရွှေကြယ်များနှင့် အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမည့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွှေစင်ရုပ်တုရင်ထိုးတံဆိပ်များ ပေးအပ်နိုင်ရေးအတွက် လိုအပ်သည့်ရွှေများကို နိုင်ငံတော်က ကျခံသွားမည်ဖြစ်ပြီး လုပ်ငန်းအပ်နှံခြင်းကို ဆောင်ရွက်ပြီးဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်က ကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အဆိုပါ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ယင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ယခုအချိန်တွင် လုပ်ငန်းအများအပြား ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ဇာတ်ကားစိစစ်အကဲ ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ထားသည့် ဇာတ်ကား ၁၂ ကားကို ဇန်နဝါရီ ၃ ရက်က အပြီးအစီး စိစစ်ဆောင်ရွက်ပြီးဖြစ်သည်ဟု သိရသည်။

𝙢𝙝𝙩𝙣𝙚𝙬𝙨