အကြမ်းဖက်တွေကိုချေမှုန်းဖို့ အားမာန်အပြည်နဲ့ ကန့်ဘလူပြည်သူ့စစ်များ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဦးဝါသဝ(၅၅၀)ဆရာတော် ဦးဆောင်သော ကန့်ဘလူပြည်သူ့စစ်များအနေဖြင့် အားမာန်အပြည့်ဖြင့် အကြမ်းဖက်များကို ချေမှုန်းဖို့လေ့ကျင့်ပြင်ဆင်နေကြပါတယ်။ သင်တန်းဆင်းပြီးသွားတဲ့ ပြည်သူ့စစ်များအနေဖြင့်လည်း မြေပြင်တိုက်ပွဲများတွင် ဝင်ရောက်တိုက်ပွဲဆင်နွှဲလျက်ရှိပြီး အောင်မြင်မှုများလည်း ရရှိနေပါတယ်။ ကန့်ဘလူပြည်သူ့စစ်အဖွဲ့များသို့ ဝင်ရောက်သူများလည်း အများအပြားရှိနေပြီး လက်ရှိအခြေအနေအထိ ကန့်ဘလူပြည်သူ့စစ်အင်အား ၁ သောင်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်အင်းအားတွေ တိုးလာလေလေ အကြမ်းဖက်တွေအတွက် အိမ်မက်ဆိုးတွေဖြစ်လာလေလေပဲ ဖြစ်ပြီး ပြည်သူ့စစ်များအနေဖြင့်လည်း ကန့်ဘလူနယ်တွင်မက အခြားနယ်များရှိ အကြမ်းဖက် PDF များကိုလိုက်လံချေမှုန်းလျက်ရှိကြောင်း သိရှိရပါတယ်။ ဆရာတော်ရဲ့ ပြည်သူ့စစ်တွေကလည်း အောင်ပွဲတွေရဲ့ အရသာကို သိပြီး အမြဲတမ်းတိုက်မယ်လို့ ပြောနေလို့ မနည်းထိန်းထားနေရတယ်လို့ ဆရာတော်ကပြောလာခဲ့ပါတယ်။