ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းအား ထပ်မံရက်တိုးမြှင့်

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/ တင်သွင်းခြင်းကို ၃၁-၇-၂၀၂၃ ရက်နေ့(အစား) ၁၂-၈-၂၀၂၃ ရက်နေ့အထိ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင်  ဗိုလ်လောင်းလျှောက်လွှာများ ဆက်လက်ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်းနှင့် လျှောက်လွှာ ထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား အချိန်မီပြန်လည်တင်သွင်းကြရန် အသိပေးအပ်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)