ကချင်ပြည်တယ်တွင် ရှေ့တန်းရောက်တပ်မတော်သားများအတွက် အလှူငွေများလှူဒန်း

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုချီးမြှင့် ပေးအပ်လျက်ရှိကြောင်းသိရသည်။

ထိုသို့ပေးအပ်လျက်ရှိရာ နိုဝင်ဘာ ၁၀ ရက်က ကချင်ပြည်နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များ၏ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ စေတနာရှင်အလှူရှင် ၇၁ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ်သိန်း ၆၆၈၀ ကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

crd;mht