မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ပါစေ

အတိတ်ကံကြွေး သည်းခံပေးဆပ်ပါ..
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဘယ်လိုဘဲ
ကောင်းအောင်နေနေ
မကောင်းပြောတဲ့သူက အမြဲရှိနေမယ်။

ဘယ်လောက်ဘဲ
အပြစ်ကင်းအောင်နေနေ
အပြစ်တင် ကဲ့ရဲ့သူက အမြဲရှိနေမယ်။

နတ္ထိ လောကေ အနန္ဒိတောလို့
ဘုရားဟောရှိတဲ့အတွက်.!

ဘယ်လောက်ထိ
အပြစ်ကင်း ဖြူစင်နေပါစေ
လောကမှာ
အပြစ်တင်ကဲ့ရဲ့ခံရခြင်း
စွတ်စွဲခံရခြင်းတွေမှ ကင်းတဲ့သူ မရှိနိုင်ပါဘူး။

ဒါ့ကြောင့်..
ကဲ့ရဲ့ခံရတဲ့အခါ
အပြစ်တင် ခံရတဲ့အခါ
စွတ်စွဲခံရတဲ့အခါ လုံးဝမတုန့်ပြန်ပါနဲ့။

အတိတ်က
ကိုယ်ပြုခဲ့တဲ့ ကံတွေ
ပေးဆပ်နေရတယ်လို့ခံယူပါ။
မခံချင်စိတ်နဲ့ တုန့်ပြန်လိုက်ရင်
အတိတ်အကုသိုလ်နဲ့ ပစ္စုပ္ပန်အကုသိုလ်
ပေါင်းစည်းသွားရင် ပိုးဆိုးသွားပါလိမ့်မယ်။

လောကသုံးပါးမှာ
အတုမရှိတဲ့
သဗ္ဗညုတဉာဏ်တော်ရှင်ကြီးတောင်
ဝိပါတ်တော် ၁၂ ပါးနှင့်အတူ
ရှင်ဒေဝဒတ်,စိဉ္ဇမာနတို့လို ပုဂ္ဂိုလ်တွေနဲ့ကြုံဆုံခဲ့ရတယ်။

လောကထဲမှာ
အသက်နဲ့ခန္ဓာ မြဲနေသမျှ
ဒီပြဿနာတွေ ကြုံနေရဦးမယ်ဆိုတာ မမေ့ပါနဲ့။
အတိတ်ကံကြွေးလို့
သဘောထားပြီး ကျေအောင်ပေးဆပ်လိုက်ပါ..။

credit.