၁၈၅၈ – ၁၉၂၉ အမေရိကတွင် တပြားတချပ်မှ မရှိပဲ ပညာသင်ယူရန် မြန်မာပြည်မှ သွားရောက်ခဲ့သော ပထမဆုံးမြန်မာကျောင်းသား..

အမေရိကကို ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသားမှာ မောင်ရှောလူးဖြစ်ပါသည်။ (အမေရိကကို ပထမဦးဆုံး ရောက်သော ဗမာလူမျိုးလည်း ဖြစ်နိုင်ပါသည်)
အမေရိကန် ပြည်တွင်းစစ်မဖြစ်ခင် ကာလ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည်
သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania)
လူးဝစ္စဘာ့ဂ်မြို့ (Lewisburg) သို့ခရီးနှင်ခဲ့သည်။
ဖော်ပြပါပုံကို အင်ဒီယားနားပြည်နယ် ဂိုရှန်မြို့ကလေးတွင် ၁၈၆၅ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည်။
ကာလကတ္တားတွင် ပညာသင်ရန် အသက် ၁၇ နှစ်အရွယ် မောင်ရှောလူးသည် ၁၈၅၇ ခုနှစ်က မြန်မာပြည်မှ ထွက်လာခဲ့သည်။
၁၈၅၈ ခုနှစ်တွင် အိန္ဒိယတွင် ပုန်ကုန်ထကြွမှုများ ဖြစ်ပွားသည့်အခိုက် အမေရိကားသို့ သင်္ဘောခိုးစီးကာ လိုက်ပါသွားခဲ့သည်။
ဖမ်းမိခံရသည့်အခါ သင်္ဘောခန်းအစောင့်အဖြစ် အလုပ်လုပ်ပေးရင်း ဆက်လက်စီးနင်းနိုင်ခဲ့သည်။

တစ်ပြားတစ်ချပ်မှ မရှိဘဲ အမေရိကန်သို့ ရောက်ရှိသွားပြီး ကြုံရာကျပန်း အလုပ်လုပ်ကာ အသက်ဆက်ခဲ့ရမှာ တက္ကသိုလ်မတက်ခင်အထဖြစ်၏။
မောင်ရှောလူးသည် ပန်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania) ရှိ လူဝစ်ဘာ့ခ်တက္ကသိုလ် University of Lewisburg
(ယခု ဘက်ခ်နယ် Bucknell) တွင် ဂရိ၊ လက်တင်၊ ဒဿနိကဗေဒ၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။
ဆက်လက်၍ ကလီဗလန် (Cleveland) ဆေးပညာကောလိပ်တွင် ဆက်လက်ပညာသင်ယူပြီး ဘွဲ့ရရှိခဲ့သည်။
ယင်းနောက်တွင်မူ အနောက်နိုင်ငံတွင် ဆေးပညာလေ့ကျင့်သင်ယူခဲ့သော ပထမဦးဆုံး မြန်မာလူမျိုး ဆရာဝန်ဖြစ်လာခဲ့ သည်။
မောင်ရှောလူးသည် လူပေါင်းဆံ့သဖြင့် လူချစ်လူခင်ပေါ၏။ လောကကြီးက ဖန်တီးပေးသမျှ အခွင့်အလမ်းတိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သူတစ်ယောက်ဖြစ်၏။
၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၁၇ ယောက်မြောက် သမ္မတ အန်ဒရူးဂျွန်ဆင် (Andrew Johnson)နှင့် တွေ့ဆုံခွင့် ရခဲ့သေးသည်။
သမ္မတအား မင်းတုန်းမင်းထံသို့ ထောက်ခံစာတစ်စောင် ရေးပေးရန်ပင် ဖျောင်းဖျနိုင်ခဲ့သည်။
မောင်ရှောလူး တဖြစ်လဲ ဒေါက်တာရှောလူးသည် မွေးရပ်မြေ မော်လမြိုင်သို့ ပြန်လာခဲ့ပြီး ဆရာဝန်တစ်ဖြစ်လဲ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် မောင်ရှောလူး ကွယ်လွန်ခဲ့သည်။ ၁၈၆၀ ပြည့်နှစ်များအတွင်း မောင်ရှောလူးသည် အမေရိကားတစ်ခွင် လှည့်လည်ကာ မြန်မာနိုင်ငံအကြောင်း ဟောပြောခဲ့သည်။
ထိုအတွက်ကြောင့်ပင် အင်ဒီယားနား၊ ဂိုရှန်မြို့သို့ ရောက်သွားခြင်း ဖြစ်နိုင်၏။
မြန်မာ့သမိုင်းစာအုပ်မှ ဖော်ပြပါရှိပါတယ်…