ပြည်သူ့အတွက် တပ်မတော်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော
တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ
ဆေးကုသရေးအဖွဲ့များသည်
စက်တင်ဘာလ ၁၃ ရက်မှ ၁၉ ရက်အထိ
ရွှေဘိုမြို့ရှိ မြို့ပေါ်ရပ်ကွက်နှင့်
ပတ်ဝန်းကျင်ကျေးရွာများမှ

-ဆေးကုသမှုဆိုင်ရာရောဂါ ၁,၇၆၅ ဦး၊
-ခွဲစိတ်ရောဂါ ၄၁၇ ဦး၊
-ကလေးရောဂါ ၃၀၉ ဦး၊
-သားဖွားမီးယပ်ရောဂါ ၂၄၅ ဦး၊
-အရိုးရောဂါ ၇၆၈ ဦး၊
-နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄၈ ဦး၊
-မျက်စိရောဂါ ၁,၃၀၀ ဦး
-သွားရောဂါ ၄၂၈ ဦး
စုစုပေါင်း ဒေသခံ ၅၅၈၀ ဦး တို့ကို ကုသခြင်း၊ ခွဲစိတ်ခြင်းများပြုလုပ်ပေးခဲ့သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်းသိရပါတယ်။