AA ဖျက်လို့ ပေါက်တောပျက်ပြီ

ပေါက်တောမြို့ ဆိုတာ ၁၈၉၀ ခုနှစ်ကတည်းကမြိုအဖြစ်ရှိခဲ့ပြီး ဒေသခံရခိုင်တိုင်းရင်းသူတိုင်းရင်းသားတွေရဲ့ ရိုးသားဖြူစင်မှုရယ်၊ ပင်လယ်နဲ့ နီးကပ်နေတာရယ်ကြောင့် သိပ်ကိုသာယာလွန်းတဲ့မြိုလေးဖြစ်ခဲ့တာပါ။ ဒါပေမယ့် AA အကြမ်းဖက်သူပုန်တွေ ပေါ်လာပြီးကတည်းက ဒေသခံရခိုင်တိုင်းရင်းသား‌တွေအပေါ် အနိုင်ကျင့်နှိပ်စက် ဆက်ကြေးကောက်၊ အနောက်အဖွဲအလိုကျ စစ်ပွဲတွေကိုဖန်တီးတာတွေကြောင့် ပေါက်တောမြိုဟာ တစ်ဖြည်းဖြည်း စစ်တလင်းအဖြစ်ပြောင်းလဲလာတာကိုတွေ့နေရပါတယ်။

မိုခါမုန်တိုင်းဖြစ်စဥ◌်မှာလဲ ပေါက်တောမြိုအနေနဲ့မုန်းတိုင်းဒဏ်ကြောင့် ပျက်စီးဆုံရှုးမှုတွေများစွာကြုံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လဲ တပ်မတော်အနေနဲ့ ကယ်ဆယ်ရေး၊ထောက်ပံ့ရေး နဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့တယ်။

အခုတော့ မိုခါထက် ရိုင်းစိုင်းပြီးယုတ်မာတဲ့ AA အကြမ်းဖက်တွေကြောင့် ပေါက်တောမြိုလေးဟာ အဖတ်ဆယ်မရအောင် ပျက်စီးရတော့မယ်။မင်းတိုအကြမ်းဖက်AA တွေ ရခိုင်ပြည်သူတွေကို ရွာထဲကအတင်းနှင်ထုတ် ပြီးရင်မင်းတိုဘဲကယ်ထုတ်သယောင်ဝါဒဖြန့်၊ စစ်တပ်နဲ့ရဲစခန်းတွေကိုတိုက်တယ် မနိုင်ရင်ရွာကိုမီးရှိ ပြီးရင်စစ်တပ်ကိုပုံချ၊ ပြည်သူတွေကျန်းမာရေး အတွက်အခမဲ့ လာကူညီတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှုခံယူမဲ့ပြည်သူတွေကိုခြိမ်းခြောက်ပြီး ပြည်သူတွေကိုအမျိုးမျိုး ဒုက္ခပေးနေတာ…….

မြို့ကလူတေရှောင်ပြေးတဲ့ပုံကြည့်ပါ လက်ထဲမယ်မယ်ရရလည်းသယ်မသွားနိုင် အားလုံးရဲ့ မျက်နှာတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေအပြည့်နဲ့ ရခိုင်ပြည်သူတွေရဲ့ အနာဂတ်မဲ့ ရခိုင်ပြည်ကို ဖန်တီးဖျက်ဆီးနေတဲ့ တရားခံက တကယ်တော့တဇောက်ကန်း အကြမ်းဖက်AAပါပဲ