မြန်မာ့ ဖရဲ၊ သခွားစျေး စျေးအမြင့်ဖြင့် ရပ်တည်လျက်ရှိ

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက် နေ့ တွင် တရုတ်နှစ်သစ်ကူးရောက်ရှိမည် ဖြစ်သောကြောင့် ဇန်နဝါရီ ၈ ရက် နေ့တွင် တရုတ် – မြန်မာကုန်သွယ်မှုနယ်စပ်ဂိတ် များဖြစ်သည့် ကျယ်ဂေါင်၊ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ်များကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ မြန်မာ့ ဖရဲ၊ သခွားဈေးကွက်သည် ယခင် နှစ်များထက် ဈေးအမြင့်နှင့် ရပ်တည်နေ ကြောင်း နယ်စပ် သစ်သီးဝလံကုန်သည်လုပ်ငန်းရှင် များထံမှသိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာ့ ဖရဲဈေးကွက် သည် ဖရဲ ၁ ဒသမ ၈၀ ယွမ်နှင့် ရွှေသခွား ၃ ယွမ်မှ ၄ ယွမ်ထိ ဈေးရခဲ့ကြောင်း၊ ယခုလက်ရှိတရုတ်ငွေဈေး ၁ ယွမ်ကို ပြင်ပပေါက်ဈေး ကျပ် ၄၀၀ ကျော် ပေါက်ဈေးရှိချိန် မြန်မာ့ ဖရဲနဲ့ သခွားတရုတ် ပေါက်ဈေး ဖရဲတစ်လုံး (855 ခေါ် အရွယ်အစား၊ အရည်အသွေးမြင့်) ကို တရုတ်ငွေ ၄ ဒသမ ၂ ယွမ်၊ ထင့်ဝမ် ဖရဲတစ်လုံးကို ၄ ဒသမ ၅ ယွမ် နှင့် ကုန်တင် ယာဉ်အစီးပြတ်ဈေး တရုတ်ယွမ် ၆၅၀၀၀ ထိရရှိ ကြောင်း၊ အစေ့မဲ့ဖရဲ တရုတ်ယွမ် ၄ ဒသမ ၈ ယွမ်နှင့်သခွာမွှေးတစ်လုံးကို တရုတ်ငွေ ၆ ဒသမ ၂ ယွမ်၊ ယခင်ထက် ဈေးအမြင့်ဖြင့် အသီးသီးပေါက်ဈေးရရှိကြောင်းသိရှိရသည်။

“အဓိက တရုတ်နှစ်သစ်ကူးရောက်တော့မယ့် အချိန် တွေမှာ အဝယ်လိုက်လာတဲ့သဘောမျိုးပါ။ နောက် ပြီးနယ်စပ် ဂိတ်တွေကလည်း ဖွင့်တော့မှာဖြစ်တဲ့တွက် မြန်မာ့ ဖရဲ၊ သခွားတင်ပိုမှုဘပိုပြီးကုန်သွယ်လာနိုင်မယ်။ ဒီလိုဈေးအမြင့်နဲ့ ရပ်တည်တော့ စိုက်ပျိုးတောင်သူနဲ့ ကုန်သည်တွေတွက်ခြေကိုက်ကျတာပေါ့။ ဖရဲ၊ သခွားဈေးဟာဈေးအမြင့်ရှိနေပေမယ့်လည်းကုန်သည်အများစုရဲ့ ကားငှားရမ်းခမပါတဲ့ လမ်းကြောင်းဂိတ်တွေပေးရတဲ့ စရိတ်ကလည်းကျပ် ၁၀ သိန်းကျော်မှာရှိနေတယ်။ ယခင်က ၅ သိန်း ၆ သိန်းလောက်သာကုန်ကျတဲ့ လမ်းကြောင်းပါ”လို ဖရဲ၊ သခွားရောင်းဝယ်တင်ပို လုပ်ငန်းရှင်တစ်ဦးကပြောဆိုသည်။

မြန်မာနိုင်ငံအနေ ဖြင့် နှစ်စဉ်ဖရဲတန်ချိန်ပေါင်း ၈ သိန်းကျော်နှင့် သခွားမွှေးတန်ချိန်ပေါင်း ၁ သိန်းခွဲကျော်ကိုတင်ပိုနေရပြီး၂၀၂၁ – ၂၀၂၂ ခုနှစ်၏ လေးပုံ ၁ ပုံသာဖြစ်သည့် ဖရဲတန်ချိန် ၂ သိန်းဝန်းကျင်နှင့် သခွားမွှေးအနည်းငယ်သာ တင်ပိုနိုင်ခဲ့ ကြောင်း ကုန်သည်များထံမှသိရှိရသည်။