ယခု ဇူလိုင်လအတွင်း ဘယ်ဂျီယံကို ကော်ဖီတန်ချိန် ၄၀ကျော် ထပ်မံတင်ပို့

ရှမ်းပြည်နယ်တောင်ပိုင်း ကထွက်ရှိတဲ့ ကော်ဖီတန်ချိန် ၄၀ကျော်ကို ဘယ်ဂျီယံနိုင်ငံ သို့ တတိယအကြိမ် အနေနဲ့ ထပ်မံတင်ပို့မှုရှိခဲ့ကြောင်း ရှမ်းပြည်နယ် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းကနေသိရပါတယ်။

ကော်ဖီတွေကို ဘယ်ဂျီယံနိုင်ငံကို တင်ပို့မှုဟာ ၃ကြိမ်ရှိပြီဖြစ်ကာ တစ်ကြိမ်ကို တန်ချိန် ၄၀ ဒသမ ၂တန် နှုန်း နဲ့ စုစုပေါင်း ကော်ဖီတန်ချိန် ၁၂၀ ဒသမ၆တန် နှုန်းယနေ့အထိ တင်ပို့မှုရှိခဲ့ပြီလို့ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်နဲ့ ဟိုပုံး မြို့နယ်မှာ ရှိတဲ့ Green Gold ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းကနေ တင်ပို့မှုရှိခဲ့တာဖြစ်ရာ ပထမအကြိမ်ကို မတ်လအတွင်းက တင်ပို့ခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ မေလအတွင်းက ဘယ်ဂျီယံနိုင်ငံကိုတင်ပို့ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

(မြန်မာ့ပလက်ဖောင်း)