ကားပေါ်ပါသွားတဲ့ ပိုက်ဆံအိတ်ကို ယာဉ်မောင်းက ပိုင်ရှင်ထံ ပြန်ပေး

ရန်ကုန်လေဆိပ်ကနေ ငှားစီးသော ခရီးသည် ကျန်ခဲ့ပိုက်ဆံအိတ် ပြန်ပေးတဲ့ တက္ကစီ ယာဉ်မောင်းကို လူမှုကွန်ယက်မှာ ဝိုင်းဝန်းချီးကျူးနေကြပါတယ်။
တက္ကစီယာဉ်မောင်း ဖြစ်သူ ကိုတေဇာလင်းက ရန်ကုန်လေဆိပ်မှ တစ်ဆင့် တောင်ဥက္ကလာ မြို့နယ်ကို ငှားစီးသည့် အမျိုးသမီး တစ်ဦး ကျန်ခဲ့တဲ့ ပိုက်ဆံ အိတ် တစ်လုံးကို ပြန်လည် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကိုတေဇာလင်းက “ လေဆိပ်ကနေ တောင်ဥက္ကလာကို သွားတဲ့ ခရီးသည် ပိုက်ဆံအိတ်တစ်လုံးမေ့ကျန်ခဲ့ကြောင်း Grab Hotline မှဖုန်းဆက်တယ်။ ဆင်းရှာတော့ နောက်ခန်းမှာတွေ့တယ်။ သွားပြန်ပေးပြီးပါပြီ။ဖုန်းဆက်တော့ သူ့ခမျာအသံတွေ တောင်တုန်နေတာ။သူမတစ်သက်တာပိုင်ဆိုင်သမျှအားလုံး ကားပေါ်ကျန်ခဲ့တဲ့ အိတ်ထဲ မှာလို့ ပြောတယ်။ အိတ်ထဲမှာ Passport ၊မှတ်ပုံတင်၊လိုင်စင်၊ ဝှီးတက် ငွေ သား (အတော်များ)ကျေးဇူးဆပ်ပါမယ်လို့လည်းပြောတယ်။ရောက်သွားတော့ပစ္စည်းတွေ စစ် ပြီး ကားခ နှစ်သောင်းပေးတယ်။ကျေနပ်ပါတယ်။အစ်ကို ခဏလေးနေပါအုံး ဒါလေးတွေ လက်ခံပါအုံးဆိုပြီး လက်ဆောင်ပစ္စည်းတွေထပ်ပေးတယ်။မလိုဘူး တော်ပါပြီဆို တာ လည်းမရ အတင်းပေးတာဗျာ။ သူကျေးဇူးတင်တာထက် ကိုယ်က သူ့ကျေးဇူး ပြန် တင် နေရပြီ။ အတော်များတာဗျာ။ဘယ်လိုမှပြောမရဘူး။အရမ်းဝမ်းနည်းစရာကောင်းတာ တစ်ခုက အိမ်ပြန်ရောက်တော့ မိန်းမကို အကျိုးအကြောင်းပြောပြီး လက်ဆောင်တွေ ပေးလိုက်တယ်။(အသံဖမ်းထားတာလည်းဖွင့်ပြလိုက်တယ်)လက်ဆောင်တွေထုတ်ကြည့်ရင်းနဲ့ လက်ဆောင်ထုပ်တွေကြားထဲမှာ စာအိတ်နဲ့အသေအချာထည့်ထားတဲ့ ငွေတစ်သိန်း။ စိတ်လည်းမကောင်းဖြစ်ရသလို အရမ်းလည်း အားနာမိတယ်ဗျာ။ အဲလောက်ထိမလိုပါဘူး Taxiသမားဆိုတာ ကျန်ခဲ့တဲ့ပစ္စည်းပြန်ပေးလိုက်တယ်ဆိုတဲ့ ပီတိနဲ့တင် ကျေနပ်နေပါပြီ။ကားခလေးပါရတယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။အခုဟာက ကိုယ်ကကျေးဇူးရှင်လား သူကကျေးဇူးရှင်လားတောင် မသဲကွဲတော့ဘူးရယ်။ခလေးမကျန်းမာချမ်းသာ၍ စီးပွါး လာဘ် လာဘ တိုးတက်ပါစေ” လို့ ပြောကြားထားပါတယ်။

ကားငှားစီးရင် ကားပေါ်ပါတဲ့ တယ်လီဖုန်းကို ပိုင်ရှင်ဆီ လာပြန်ပေးတဲ့ တက္ကစီယာဉ် မောင်းကို လူမှုကွန်ယက်မှာ ဝိုင်းဝန်းချီးကျူးပြောဆိုခဲ့ကြပါသေးတယ်။

လက်ရှိအချိန် ရန်ကုန်မြို့က တက္ကစီတွေပေါ်မှာ ဘာပဲ ကျန်ခဲ့ပါစေ ပြန်မရတဲ့အချိန်မှာ အခုလိုမျိုး စိတ်ထားကောင်းမွန်တဲ့တက္ကစီယာဉ်မောင်းလိုမျိုး ယာဉ်မောင်းတွေလည်း အများကြီးရှိပါတယ်လို့ တက္ကစီယာဉ်မောင်းအသိုင်းအဝိုင်းကတော့ ပြောပါတယ်။