မန္တလေးအိမ်ခြံမြေစျေးကွက် အငှားပြန်သွက် ငှားရမ်းခလည်း မြင့်တက်

လူနေထိုင်မှုနှင့် ဆိုင်ခန်းဖွင့်လှစ်ရန် ကောင်းမွန်သော အချက်အချာကြသည့် လမ်းမကြီးနှင့် လူစည်ကားရာ ရပ်ကွက်ကြီးများတွင် ငှားရမ်းလိုမှု အများဆုံးဖြစ်နေကြောင်း မန္တလေးအိမ်ခြံမြေစျေးကွက်က သိရသည်။

“မြိုတွင်းပိုင်း လမ်းမကြီးတွေနဲ့ အချက်အချာကြတဲ့ နေရာတွေ ပိုရှာခိုင်းတယ်”ဟု ချမ်းမြသာစည်မြိုနယ်မှ အိမ်ခြေမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

မြိုတွင်းပိုင်း၌ ၇၃ လမ်းမတန်း၊ ဆေးတက္ကသိုလ်အနီးဝန်းကျင် ရပ်ကွက်များ၊ မဂ်လာမန္တလေးအနီးဝန်းကျင် ရပ်ကွက်များ၊ ၆၂ လမ်းမတန်း၊ ၃၅ လမ်းမတန်းနှင့် လမ်း ၃၀ တို့ တွင် ငှားရမ်းလိုမှု အများဆုံး ဖြစ်နေကြောင်း သိရသည်။