မလေးရှားကိုမြန်မာ့ထောပတ်သီးတန်ချိန်၁၀၀ အထိလေကြောင်းကုန်သွယ်မှုကတစ်ဆင့်တင်ပို့ထား

ယခုနှစ် ထောပတ်သီးရာသီချိန်တွင် လေကြောင်းကုန်သွယ်မှုမှတစ်ဆင့် မလေးရှားနိုင်ငံကို ‌ထောပတ်သီးတန်ချိန် ၁၀၀ တင်ပို့ထားကြောင်းမြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကနေသိရပါတယ်။

ထောပတ်သီးတွေကို မလေးရှားကို နမူနာအနေနဲ့စမ်းသပ်တင်ပို့တာဖြစ်ပြီး လေကြောင်းကနေတင်ပို့မှုကို ပြီးခဲ့တဲ့ဒီဇင်ဘာကနေ ဇန်နဝါရီအထိ တင်ပို့ထားတာဖြစ်တယ်လို့ဆိုပါတယ်။

ထောပတ်သီးတွေကို မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနဲ့ ထောပတ်သီးစိုက်ပျိုးတဲ့တောင်သူတွေ စုဖွဲ့ထားတဲ့ Shan Avocado ကုမ္ပဏီတို့ပူးပေါင်းကာ တောင်သူများ တိုက်ရိုက်တင်ပို့တာဖြစ်ပြီး မှာယူတဲ့မလေးရှားကုမ္ပဏီကနေ ထောပတ်သီး 1 Kg ကိုအမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဒေါ်လာဈေးပေးဝယ်ယူမှုရှိကြောင်း သိရပါတယ်။