အင်္ဂလန်အပျော်တမ်းလိဂ်ထိရောက်သွားနိင်တဲ့ မန်းစီးတီး

 ပရီးမီးယားလိဂ်ပြိုင်ပွဲက မန်ချက်စတာ စီးတီးကို ၂၀၀၉ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု အကြိမ် ၁၀၀ကျော် ပြုလုပ်ခဲ့မှုနဲ့ စွဲချက်တင်ထားတာ ဖြစ်ပြီး စွဲချက်တင်ခံထားရတဲ့ အမှုအရေအတွက်ရဲ့ ၅၀ရာခိုင်နှုန်းကျော်မှာသာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် ပရီးမီးယားလိဂ်က မန်ချက်စတာ စီးတီးကို တန်းဆင်းပြစ်ဒဏ်လိုမျိုး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ စီစဉ်ထားပါတယ်။ 

 အကယ်၍ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကသာ (EPL) မန်ချက်စတာ စီးတီးကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ရင် အစဉ်အလာအရ မန်ချက်စတာ စီးတီးဟာ ပရီးမီးယားလိဂ်ထက် တဆင့်နိမ့်တဲ့ လိဂ်ဆီ တန်းဆင်းရမှာ ဖြစ်ပေမယ့် EFLဘောလုံးအဖွဲ့ချုပ်က မန်ချက်စတာ စီးတီးကို လက်မခံဘူးလို့ သိရပါတယ်။

 EFLက အင်္ဂလန် ဘောလုံးလိဂ်တွေ ဖြစ်တဲ့ ချန်ပီယံရှစ် ၊ လိဂ်-၁နဲ့ လိဂ်-၂တို့ကို ကြီးမှူး ကျင်းပနေတဲ့ အဖွဲ့အစည်း တခု ဖြစ်တာကြောင့် EFLကသာ လက်မခံခဲ့ရင် မန်ချက်စတာ စီးတီးဟာ Non-League အထိ ဆင်းကစားရဖို့ ရှိပါတယ်။ 

 ဒါကြောင့် မန်ချက်စတာ စီးတီး အတွက် ယခုတကြိမ် စွဲချက်တင်ခံရမှုက အသင်း​ ဆက်လက် တည်ရှိရေးနဲ့ပါ ပတ်သတ်နေပြီး အကယ်၍ ဒီအမှုမှာသာ ရှုံးခဲ့မယ် ဆိုရင် မန်ချက်စတာ စီးတီးဟာ အသင်းဖျက်သိမ်းရလုနီးပါး အထိ ဖြစ်သွားနိုင်ပါတယ်။

Credit