မတ်လ ၁၈ ရက်နေ့ တိုက်ပွဲသတင်းများ

မတ်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်စခန်းသို့ နေရာ ၂ နေရာမှ KIA နှင့် PDF ပူးပေါင်းအင်အား ၁၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး စခန်းဝန်းကျင်အား နယ်မြေရှင်းလင်းစဉ် KIA နှင့် PDF ပူးပေါင်းအင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့။

KIA/PDF ၂ လောင်း၊ အရှင်မိ ၁ ဦး၊ လက်နက် ၃ လက်။

ရှမ်း(တောင်)
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာလမ်းဆုံအနီး လုံခြုံရေးဆောင်ရွက်နေသော နေရာသို့ KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ချတိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

ရန်သူ့ Drone  ၁ စီး သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

မြောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ်  ကျောက်တန်းရွာအဝင်သို့အရောက် PDF အကြမ်းဖက် ၅၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

ကောလင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် PDF အကြမ်းဖက် ၃၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့။

PDF အကြမ်းဖက် ၁ လောင်း၊ သုံးဘီး ၁ စီး၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းရမိခဲ့။

ချင်းပြည်နယ်

ကန်ပက်လက်မြို့နယ် ကျင်းဒွေးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော နေရာသို့ အကြမ်းဖက် ၃၀ ဦးခန့် က ပစ်ခတ်သဖြင့်  မိမိဘက်မှ တုန့်ပြန်တိုက်ခိုက်ခဲ့။