မင်္ဂလာနံနက်ခင်းလေးပါရှင်

သဒ္ဓါ ရဲ့တန်ဖိုးကို လူတွေ ထက်
နတ်တွေ က ပို သိတယ်။

ဘာဖြစ်လို ပို သိသလဲ ❗️ ဆိုတော့
လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီး
ရှာကြတယ်၊ ကိုယ့်ရဲ့လုံလဝီရိယကြောင့်
စီးပွားဥစ္စာတွေ တိုးတက်ကြတယ်
ဆိုတော့ ••• ကံ ကံ ရဲ့အကျိုးကို
သိပ်ပြီး မယုံကြည်ဘူး❗️။

သဒ္ဓါ ရဲ့စွမ်းအားကို
သိပ်ပြီး မသဲကွဲဘူး❗️။

🎇 နတ်တွေ ကြတော့ ကံ ကံ ရဲ့အကျိုးကို သိပ်ပြီး ယုံကြည်တယ်။

 ဘာဖြစ်လိုလည်း❓  ဆိုတော့ •••

သူတိုမှာက လုပ်ကိုင်ပြီး စားရတဲ့ ဘဝမှ မဟုတ်တာ၊ ကံ ကံရဲ့အကျိုးကြောင့် ရလာတဲ့ ဘဝသာ ဖြစ်တယ်။ အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်။ ကံမရှိရင် ဘာမှမရပါဘူး❗️ လူ့ပြည်မှာလို အရောင်းအဝယ်လုပ်လို မရဘူး။

🎇 နတ်ပြည်မှာ ရွှေဆိုင်တွေ ဖွှင့်လိုရတာ မဟုတ်ဘူး။ အဲဒီတော့ ကံပေးတာလေးပဲ သူတိုတတွေ ရကြတာနော်။

🎇 နတ်တွေက လူတွေနဲ့ မတူဘူး၊
ဖြစ်ပေါ်လာတဲ့ ဘဝတစ်ခုမှာ
သူတို နတ်သက်တမ်း တစ်လျှောက်လုံးဝတ်ထားတဲ့ အဝတ်လည်း ဘယ်တော့မှ ဖွတ်ရတယ် မရှိဘူး❗️။

🌺 ပန်ထားတဲ့ ပန်းကလည်း
ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို… ပူလို အိုက်လို ချွေးထွက်တာလည်းမရှိဘူး❗️။ အမြဲတန်း သန့်ရှင်း သန့်ပြန့် နေတယ်။
သိုသော် •••
🎇 နတ်တွေဟာ ကံကုန်တော့မယ် ဆိုရင်ဝတ်ထားတဲ့ အဝတ်တွေ နွမ်းလာတယ်၊ 🥀 ပန်ထားတဲ့ ပန်းတွေ ညိုးလာတယ်။ ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲ ခြောက်ခြောက် ဖြစ်လာတယ်။ ချိုင်းကြားကနေ ချွေးတွေ ဘာတွေထွက်လာတယ်။ ဒါက သူတိုသေခါနီးပြီ ဆိုတဲ့ Sign ပြတာလို ခေါ်တယ်။

အဲဒီလို အခြေအနေတွေ ပေါ်လာတဲ့
🎇 နတ်တွေကို မိတ်ဆွေနတ်နန္ဒဝန်ဥယျာဉ်ထဲကို ဆွဲခေါ် သွားကြတယ်။ ဆွဲခေါ်သွားပြီးတော့
စကား ( ၃ ) ခွန်း ပြောဆို မှာကြား ကြတယ်။

” အေး…ဘာမှမစိုးရိမ်ပါနဲ့ ❗️

ဒီဘဝက သေသွားလို ရှိရင် •••
1️⃣✴️ အကောင်းဆုံး ဘုံကို ရောက်အောင် သွားပါ၊
အကောင်းဆုံး ဘုံကို ရောက်တဲ့အခါ ကျတော့
2️⃣✴️ အကောင်းဆုံး လက်ဆောင်ကို ရအောင်ယူလာပါ။
3️⃣✴️ ရထားတဲ့ လာဘ်လာဘကို ခိုင်မာအောင်ကြိုးစားပါ ဆိုတဲ့
စကား (၃)ခွန်းကို ပြောလိုက်ကြတယ်။

❖ စကား ( ၃ )ခွန်း ရဲ့
အဓိပ္ပါယ်က ဘာလဲ ❓ဆိုရင်•••

1️⃣ အကောင်းဆုံး ဘုံကို ရောက်အောင်သွား ဆိုတာက လူ့ဘုံကို ရောက်အောင်သွားလို ပြောတာ ဖြစ်တယ်။

2️⃣ အကောင်းဆုံး လာဘ်ကို ရအောင်ယူ ဆိုတာက သဒ္ဓါတရား ကို ပြောတာ ဖြစ်တယ်။

3️⃣ ခိုင်မာအောင် လုပ်ပါ ဆိုတာ က
အဲဒီ့ရထားတဲ့ သဒ္ဓါတရားကို ခိုင်မာအောင် လုပ်ပါ လို ဒီလို ဆိုလိုတာ ဖြစ်တယ်။

🎇 အဲဒီတော့ နတ်သားတစ်ယောက်၊ နတ်သမီးတစ်ယောက် စုတေခါ နီးပြီ
ဆိုရင် နန္ဒဝန်ဥယျာဉ်ကို ခေါ်သွားပြီးတော့ အဲဒီစကား ( ၃ ) ခွန်းကို မှာကြား ကြပါတယ်။
အဲဒါကြောင့် •••သဒ္ဓါစွမ်းအား ရဲ့တန်ဖိုးကို
သူတိုက ပို သိကြတယ်။

❖ လူ့ပြည်ရဲ့တန်ဖိုးကို သူတိုက ပို သိကြတယ်။ လူ့ပြည်မှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ရှိတဲ့ အတွက်
ကုသိုလ်ကောင်းမှုတွေ အကုန်လုံး လုပ်နိုင်တယ်။
လူ့ပြည်မှာ ကုသိုလ်ကောင်းမှု များများလုပ်လာတဲ့ ပုဂ္ဂိုလ်သည်နတ်ပြည် ရောက်တဲ့အခါ သာမန်ထက် ပိုပြီး ထူးခြားတဲ့ စည်းစိမ်ခံစားရတယ်။
ဒါကြောင့် သွားချင်ရင် •••
ဘယ်မှ မသွားပါ နဲ့ လူ့ပြည်ကို သွားပါ။ သဒ္ဓါတရားရှိလာပြီ ဆိုရင် •••
ဒီ သဒ္ဓါစွမ်းအား ကို အကြောင်း ပြုပြီးတော့ ကုသိုလ်များများ လုပ်ပါ။
လုပ်ပြီးရင် တိုနတ်ပြည်ကို ပြန်လာပါ လိုဒီလို မှာကြတယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

ဒေါက်တာနန္ဒမာလာဘိဝံသ