မူဆယ်ခရိုင်အတွင်းက KIA ရုံးကို MNDAA ချိတ်ပိတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ထဲက ကချင်တပ် – KIA ရဲ့ ရုံးတစ်ခုကို ကိုးကန့်တပ် – MNDAA က ချိတ်ပိတ်လိုက်တယ်လို့ KSSM က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က မနက်၊ ညနေ နှစ်ကြိမ်တိုင်တိုင် ကိုးကန့်တပ်ဖွဲ့ဝင်တွေက ချိတ်ပိတ် တားမြစ်စာ လာကပ်သွားတယ်လို့ ဖော်ပြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကိုးကန့်တပ် – MNDAA နှင့် ကချင်တပ် – KIA အကြားသော်လည်းကောင်း၊ KIA နဲ့ တအာင်းတပ် – TNLA အကြားသော်လည်းကောင်း၊ MNDAA နဲ့ TNLA အကြားသော်လည်းကောင်း နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တဲ့ MNDAA၊ KIA၊ TNLA တို့ဟာ “ဝ” တပ်ဖွဲ့ – UWSP ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ – FPNCC အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။