မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

အများအပြောနဲ့ မယုံပါနဲ့

သူဘယ်လိုစိတ်နှင့်နေတယ်
ဘယ်လိုသဘောနဲ့လုပ်တယ်ဆိုတာ
သူကလွဲရင် ဘယ်သူမှမသိပါဘူး ။

ကိုယ့်အထင် ကိုယ့်အမြင်နဲ့
လိုသလိုဆွဲပြီးတော့ မတွေးပါနဲ့
မသေချာပဲလည်း မပြောပါနဲ့ ။

သူများရဲ့တစ်ဆင့်စကားနဲ့လည်း
ယုံပြီးတော့ မဆုံးဖြတ်မိပါစေနဲ့ ။

တစ်ချို့အရာတွေက
ကိုယ်မြင်သလောက် မရိုးရှင်းသလို

ကိုယ်သိထားသလောက်လည်း
မမှန်တာမျိုး ဖြစ်နေတတ်ပါတယ် ။

နှလုံးသွင်းမှားပြီးအပြစ်မြင်ခြင်းဟာ
အကုသိုလ်တွေရတတ်တာမို့လို့

အရမ်းကာရော ပရမ်းပတာ
စည်းမဲ့ကမ်းမဲ့တွေ မတွေးမိပါစေနဲ့ ။

အများအပြောထက်
တရားသဘောလေးနဲ့မြင်ပြီးတော့

သူလည်းသူ့အကြောင်းသူရှိမှာပါလို့
တွေးပေးနိုင်မယ်ဆိုရင်
ကိုယ့်စိတ်ဟာ အေးချမ်းနေမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏