သွားဖြူစေတဲ့အိမ်တွင်းနည်းလမ်းများ

မုန့်ဖုတ်ဆိုဒါ သင့်သွားတွေ ဝါနေတာကို မုန့်ဖုတ်ဆိုဒါအသုံးပြုနိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါထမင်းစားဇွန်းနှစ်ဇွန်းကိုရေအေးနဲ့ရောပြီးပလုတ်ကျင်းပါ။တနေ့ကို ၂ကြိမ် ၃ကြိမ်ပြုလုပ်ပေးပါ။

ဆား ဆားကသွားနဲ့ခံတွင်းကိုသန့်စင်စေတဲ့အခြေခံကျတဲ့အရာတစ်ခုပါ။အရင်တစ်ချိန်ကသွားတိုက်ဆေးအစားဆားကိုအသုံးပြုခဲ့ကြပါတယ်။ဆားကိုအသုံးပြုပြီး သွားတိုက်တဲ့အခါသွားကြွေလွှာတွေကိုပျက်စီးနိုင်ကြောင့်ညင်သာစွာပွတ်တိုက်ဖို့တော့လိုပါတယ်။

မီးသွေး သွားဝါနေတာတွေဖြူဖွေးဖို့အတွက်မီးသွေးကိုလည်းအသုံးပြုနိုင်ပါတယ်။မီးသွေးကိုအသုံးပြုပြီးသွားတိုက်တဲ့အခါ ဆားကိုအသုံးပြုသလိုမျိုးပဲညင်သာစွာပွတ်တိုက်ဖို့တော့လိုပါတယ်။သွားဝါတာဆိုးဝါရင်တော့ တနေ့ ၂ ကြိမ်တိုက်ပေးသင့်ပါတယ်။