ဟိုပုံး ရေထွက်ကြီး ရေကန်နှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ရေထွက်ကြီးတွင် ရေကန်တွင်းနှင့် ရေကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေကန်ပတ်ဝန်းကျင်တွင် အမှိုက်များ စွန့်ပစ်မှုမရှိစေရေး၊ ရေကန်ပတ်ဝန်းကျင်တွင် ပြည်သူများလာရောက်အပန်းဖြေနိုင်ရေးတိုအတွက် ဧပြီလ ၆ ရက်နေ့ယနေ့တွင် ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲများမှ အရာရှိ၊ စစ်သည်များ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်။