ဟုမ္မလင်းမြို့နယ်၊ ဟိုပတ်ကျေးရွာရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုသာမက တိုင်းဒေသကြီးအတွင်းနှင့် ပြည်နယ်အသီးသီးရှိ မြို့များမှ သံဃာတော်၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၈-၄-၂၀၂၃ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဟိုပတ်ကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူများကို နယ်လှည့် ဆေးကုသရေး အဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ—

၁။ သွေးတိုး ရောဂါ -၃၅ ဦး၊

၂။ အထွေထွေရောဂါ -၁၅၇ ဦး၊

၃။ ဒူးနာရောဂါ -၇ ဦး၊

၄။ သွားနှင့်ခံတွင်းရောဂါ -၁၂ ဦး၊

၅။ ခါးနာ -၈ ဦး၊

၆။ ချောင်းဆိုးရောဂါ -၁၃ ဦး၊

၇။ မျက်စိရောဂါ -၁၅ ဦး၊

၈။ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း -၁၀ ဦး၊

၉။ ရင်ကြပ်ရောဂါ -၃ ဦး၊

၁၀။ ဝမ်းပျက်/ဝမ်း လျောခြင်း -၁၄ ဦး၊

၁၁။ ရင်ဘတ်အောင့်ခြင်း -၅ ဦး၊ စုစုပေါင်း ၂၇၉ ဦးအား

ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။