တပ်မတော်ရဲ့ အောင်မြင်နေတဲ့ စိုက်ပျိုးမွေးမြူရေး (၁)

ခေတ်အလီလီပြောင်းလဲလာတာနဲ့အမျှ နည်းပညာတွေလည်းဖွံ့ဖြိုးတိုးတက်လာပါတယ်။ ကမ္ဘာတစ်ဝှမ်းတိုးတက်လာတဲ့ စိုက်ပျိုး၊ မွေးမြူရေး နည်းစနစ်တွေနဲ့ အစားအစာဖူလုံရေး စီမံချက်တွေကို မြန်မာ့တပ်မတော်ကလည်း အလေးထားပြီး ခေတ်မီတဲ့ တပ်မတော်အဖြစ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။


တပ်မတော်မှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီရှိပြီး လိုင်းစစ်တွေမှာ မိသားစုဝင်တွေရဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးကို အမှတ်ပေးဇယားနဲ့အညီ အမှတ်ပေးပြီး ၁၀မျိုး ၁၀ဘောင် စိုက်ပျိုးစေပြီး တစ်နိုင်တစ်နိုင် မွေးမြူရေးကိုပြုလုပ်စေကာ မိသားစုပြင်ပဝင်ငွေရရှိရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာပဲဖြစ်ပါတယ်။


၁၀မျိုး ၁၀ဘောင်စိုက်ပျိုးတဲ့ စနစ်ဟာ တကယ်ကို မိသားစုတွေအတွက် ထွက်ငွေကိုလျှော့ချပေးပြီး တစ်ပိုင်တစ်နိုင်မွေးမြူရေးစနစ်ဟာ မိသားစုဝင်ငွေတိုးစေတာကိုလည်း မိသားစုဝင်တွေအားလုံး လက်ခံကြမယ်လို့ ထင်ပါတယ်။


ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်အတိုင်း တပ်ရဲ့ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းတွေကနေ ထွက်ရှိတဲ့ အသား၊ ငါး၊ အသီးအရွက်များကို အရာရှိ/စစ်သည် မိသားစုဝင်တွေဆီကို ပြင်ပ ပေါက်ဈေးထက် သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနိုင်ဖို့၊ ပိုလျှံပါက နိုင်ငံ့ ဝန်ထမ်းများနဲ့ ဒေသခံပြည်သူများရဲ့ သက်သာချောင်ချိရေးအတွက် သက်သာသောဈေးနှုန်းများနဲ့ ရောင်းချပေးဖို့ ရည်မှန်းချက်ထားဆောင်ရွက်ပေးနေတာလဲရှိပါတယ်။


မိသားစုဝင်များနဲ့ ပြည်သူများအနေနဲ့လည်း အခုလို ကုန်ဈေးနှုန်း တက်နေတဲ့ ကာလမှာ တစ်ဖက်တစ်လမ်းကနေ သက်သာချောင်ချိမယ်လို့လဲ ယုံကြည်ပါတယ်။


ဒါဟာ အထက်အကြီးအကဲတွေရဲ့ ရေရှည်မျှော်တွေးနိုင်စွမ်းနဲ့ ကောင်းမွန်တဲ့ စီမံချက်တွေကြောင့်လို့ ပြောရမှာပါပဲ။


လက်ရှိအောင်မြင်နေတဲ့ တပ်မတော်ရဲ့ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းတွေကို အပိုင်း (၂)မှာ ဆက်လက်ရေးသားပါဦးမယ်ရှင်…။