အာရှသားတွေကို သူ့လိုမျိုးကြိုးစားကြဖို့ တိုက်တွန်းလိုက်တဲ့ ဆွန်ဟောင်မင်

ဘရိုက်တန်ကို တော့တင်ဟမ်က ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ စပါးအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့နောက် ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံးအာရှကစားသမားဖြစ်လာခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ဒီမှတ်တမ်းအတွက် အချိန်အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့ရပြီးနောက် မနေ့ညကပွဲမှာတော့ ရယူနိုင်ခဲ့ကာ ဂုဏ်ယူဖွယ်ရာကောင်းတဲ့ မှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

ဧရိယာအပြင်ဘက်ကနေ ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းခဲ့တာဖြစ်ပြီး သွင်းဂိုး ၁၀၀ ပြည့်ဂိုးက တကယ်ကိုလှပခဲ့ပါတယ်။

ဒီနှစ်ရာသီမှာ ခြေစွမ်းမပြနိုင်တာကြောင့် ဒီမှတ်တမ်းကို စောစောစီးစီးရမယ့် အခွင့်အရေးနဲ့ ဆွန် လွဲချော်နေခဲ့ရပြီး ရာသီနှောင်းပိုင်းမှသာ ဂိုး ၁၀၀ ပြည့်ဖြစ်စေမယ့် ဂိုးကို ရယူနိုင်ခဲ့တာပါ။

အသက် ၃၀အရွယ်ကစားသမားဟာ ၂၀၁၅ မှာ ဟမ်းဘတ်ကနေ တော့တင်ဟမ်ကို ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကစလို့ သူက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာဆိုရင် ရွှေဖိနပ်ဆုကိုပါ ရယူနိုင်တဲ့ ပထမဆုံးအာရှသားဖြစ်ခဲ့ကာ တောင်ကိုရီးယားသမ္မတကိုယ်တိုင်က သူ့ကို နိုင်ငံရဲ့ အမြင့်ဆုံးအားကစားထူးချွန်ဆုကို ချီးမြှင့်ခဲ့ပါတယ်။

ဆွန်ဟောင်မင်က “ဒါက ကျွန်တော့်ရဲ့ အိပ်မက်တခုပါပဲ၊ အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်ပြီး အသင်းဖော်တွေမရှိဘဲနဲ့တော့ ဒီလိုမျိုးမရပါဘူး၊ ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ သွင်းနိုင်တယ်ဆိုတာက ကြီးမားတဲ့အရာတခုပါပဲ၊ ကျွန်တော့်စိတ်ထဲမှာ အရမ်းခံစားရတယ်၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ခက်ခဲတဲ့အခိုက်အတန့်တွေရှိနေခဲ့လို့ပါ”

ကျွန်တော့် အဖိုးကွယ်လွန်ခဲ့ပြီး အဲဒါက မလွယ်ကူခဲ့ပါဘူး၊ သူ့အတွက် ကျနော် ဂိုးသွင်းယူချင်ခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။ “

အာရှသားတွေအားလုံး အထူးသဖြင့် ကိုရီးယားကစားသမားတွေအနေနဲ့ ဒီမှတ်တမ်းကိုကြည့်ပြီး ငါတို့လည်း လုပ်နိုင်တယ်ဆိုတာကို ယုံကြည်စေချင်ပါတယ်” လို့ ဆွန်ဟောင်မင်က တိုက်တွန်းခဲ့ပါတယ်။

credit