BGFတံဆိပ်ယူနီဖောင်း ဝတ်ဆင်ထားသော အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးရမိ

ဧပြီ ၈ရက်နေ့က လှိုင်းဘွဲ့မြို့နယ် ၊ ကိုမောင်ကျေးရွာအုပ်စု၊ ခရမ်းကျွတ်ရွာတွင် မြဝတီဘက်မှဆင်းလာ သော Vigoအဖြူရောင်ကားဖြင့် BGFတံဆိပ်ယူနီဖောင်း ဝတ်ဆင်ထားသော အကြမ်းဖက်သောင်းကျန်းသူ ၇ ဦးခန့် ရွာအတွင်း ည ၈နာရီခွဲအချိန်၌ ဝင်ရောက်လာကြောင်း BGF ၁၀၁၁ရင်းမှုး ဗိုလ်မှူးစိုးနိုင်မှ သတင်းရရှိသဖြင့် လိုက်လံရှင်းလင်းရာ အသေ ၁ဦး၊ အရှင် ၂ ဦးနှင့် ကျေးရွာအတွင်းပုန်းအောင်းနေ သောကျန် ရှိ နေ သေးသည့် ယာဉ် ပေါ်ပါသူများအားလိုက်လံရှာဖွေရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

ထိုသိုလိုက်လံရှင်းလင်းရာ အရှင် ၃ဦး ထပ်မံဖမ်းဆီးရမိပြီး ယာဉ်ပေါ်ပါသူ စုစု ပေါင်း ၇ ဦးရှိရာ အ သေ ၁ ဦး၊ အရှင် ၆ ဦး(ကျား ၅ ဦး+မ ၁ ဦး)၊ လက်နက်ငယ်မျိုးစုံ ၈ လက်နှင့် ခဲယမ်းအချို့ ဖမ်းဆီးရမိကြောင်းသတင်းရရှိပါသည်။