တင်းမတိုက်ပွဲတွင် အကြမ်းဖက် AA အလောင်း ၈ လောင်းနှင့် လက်နက်များရရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်းလျက်ရှိရာ AA များအနေဖြင့် အကျအဆုံးများပြားလျက်ရှိပြီး လူသစ်စုဆောင်းမှုများ များပြားလာကြောင်းလည်း သိရှိရပါတယ်။ ယနေ့တွင်လည်း တင်းမစခန်းအား လာရောက်တိုက်ခိုက်သည့် အကြမ်းဖက် AA အနေဖြင့် အထိအခိုက်အကျအဆုံးအများအပြားရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် အကြမ်းဖက် AA အလောင်း ၈ လောင်းနှင့် လက်နက် ၈ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ AA အနေဖြင့်ဆုတ်ခွာစဉ် လူနာနှင့် အလောင်းများထားရှိခဲ့တာကြောင့် တပ်မတော်စစ်ကြောင်းများ အကြမ်းဖက်များအား ထပ်ကြပ်လိုက်ရှင်းလင်းလျက်ရှိကြောင်း သိရှိရပါတယ်။