ဒီဇင်ဘာ ၇ ရက်နေ့မှုခင်းသတင်းများ

-ဒီဇင်ဘာ ၆ ရက်၁၃၀၀ နာရီတွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၆)၊ ဦးဖိုးထောင်လမ်းနေ ဒေါ်အေးတိုး(၄၁)နှစ် သည် နေအိမ်ရှိ ဈေးဆိုင်၌ ‌ဈေး‌ရောင်းချနေစဉ် PDF အကြမ်းဖက်အဖွဲ့ ကျား ၂ ဦးသည် လက်လုပ် သေနတ်များကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာခဲ့ပြီး ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ မေးစေ့အောက်ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၆ ရက် ၀၂၃၀ နာရီတွင် မင်းလှမြို့နယ်၊ မဒိုင်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်သည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးချိုဦး(၅၁)နှစ်၊ ဦးကျော်ထူး(၄၈)နှစ်၊ ဦးကျော်မောင်(၄၉)နှစ်နှင့် ဦးဇော်ဦး(၃၆)နှစ်တို့ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွား၍ အထက(ခွဲ)နှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းအကြားရှိ လမ်းမပေါ်သို့ အရောက်၌ ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၆ ရက် ၁၅၄၀ နာရီတွင် နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ကျေးရွာအုပ်စု၊ ဒေသအခေါ် နတ်ရုပ်ကြီးတဲစုနေ ဦးဖြူဝင်း(၄၈)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် လာရောက်ပစ်ခတ် ခဲ့သောကြောင့် ဦးဖြူဝင်း၌ မေးရိုး၊ ယာလက်ဖျံ၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။