ဩဂုတ်လ ၃၁ ရက်နေ့ မှုခင်းသတင်းများ

ဩဂုတ်လ ၃၀ ရက် ၁၀၃၀ နာရီတွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/လက်နက်ငယ် များဖြင့် လာရောက်နှောက်ယှက်ပစ်ခတ်ခဲ့ရာ ဗုံးသီး ၁ လုံးမှာ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဦးအိုက်ထွေး(၂၀)နှစ်၊မိုင်းကိုင် မြို့နယ်၊ ကျုံလှဦးကျေးရွာနေသူတွင်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနေ မခိုင်သဇင်ဝင်း(ခ) လီရှောက်ကျိန်(၁၃)နှစ်၊ မောင်အာကာ(၁၃)နှစ်တို့ မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့။

ဩဂုတ်လ ၃၀ ရက်၂၁၁၅ နာရီတွင် မြိတ်မြို့နယ်၊ သကန်တောင်ပုကျေးရွာနေ ဦးနိုင်ငယ်(၃၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ ၁၅ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးနိုင်ငယ်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့။

ဩဂုတ်လ ၃၀ ရက် ၀၈၃၀ နာရီတွင် စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာနေ မျိုးငြိမ်းဇော်(ခ)ပေတလူ(၄၂)နှစ်အား ညောင်ဝန်း ကျေးရွာရှိ  “ဦးရာဇာ” စက်သုံးဆီဆိုင်၌ ဆိုင်ကယ်ဆီဖြည့်နေစဉ် PDF အကြမ်းဖက်သမား ၂ ဦး က ပစ္စတိုဖြင့် ပစ်ခတ်သတ်ဖြတ်ထွက်ပြေးသွားခဲ့။

ဩဂုတ်လ ၃၀ ရက် ၁၁၄၅ နာရီတွင် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာနေ ဦးထွန်းထွန်း(၃၄)နှစ်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် PDF အကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ် ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်းသိရှိရ။

ဩဂုတ်လ ၂၉ ရက် ၁၉၂၃ နာရီတွင် လွိုင်ကော်မြို့နယ်၊ ဒေါဆော်လဲကျေးရွာအနီး၌ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ်မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၁၀၃) နှင့် တာဝါတိုင်အမှတ်(၁၀၄) တို့အား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်ကျိုးကျပျက်စီးခဲ့။

ဩဂုတ်လ ၃၀ ရက်တွင်၁၅၃၀ နာရီတွင် မြဝတီမြို့နယ်၊ ပွင့်လင်းအေးကျေးရွာနေ ဒေါ်မိုးသီတာ(၃၀)နှစ်သည် ခင်ပွန်းဖြစ်သူ နှင့်အတူ ၎င်းတို့ ပိုင်ဆိုင်သည့် ငှက်ပျောခြံ၌ အလုပ်လုပ်နေစဉ် အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဒေါ်မိုးသီတာတွင် မိုင်းစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့။

ဩဂုတ်လ ၃၀ ရက် ၁၄၃၀ နာရီတွင် ဆိပ်ဖြူမြို့နယ်၊ ညောင်နီချောင်းကျေးရွာနေ ဦးတင်အုန်း(၅၄)နှစ်သည် ညောင်နီချောင်း ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ၎င်းပိုင်လယ်ကွင်းထဲ၌ နွားစာရိတ်နေစဉ် PDF အကြမ်းဖက် အဖွဲ့မှ ထောင်ထားသည့် လက်လုပ်နင်းမိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့။