လှည်းတန်းခုံးတံတားပေါ်၌ ယာဉ်နှစ်စီးတိုက်မိပြီး တစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးတံတားပေါ်၌ ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးသွားသည့်ဖြစ်စဥ်တစ်ခု ယနေ့ ဧပြီလ ၈ ရက်၊ ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ မြေနီကုန်းဘက်မှ မောင်းနှင်လာသော Hijet ယာဉ် နှင့် လှည်းတန်းဘက်မှ မောင်းနှင်လာသော Soueast ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Hijet ယာဉ်မောင်းမှာ အခင်း ဖြစ်နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အလားတူ Soueast ယာဉ်မောင်းမှာလည်း ဒဏ်ရာ ရရှိခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရသူများကို ပြည်သူ+လူရွှင်တော် ပရဟိတအသင်း အပါအဝင် လူမှုရေးအဖွဲ့များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။

𝙈𝙃𝙏𝙉𝙀𝙒𝙎