မင်္ဂလာနံနက်ခင်းလေးပါ

လူ၏အဖော်က ကုသိုလ်
စိတ်၏ အဖော်ကသတိ
ဘဝ၏အဖော်ကတရားဓမ္မပါ ။

သံသရာခရီးဆက်ကြတဲ့အခါ
ကုသိုလ်မပါရင် အဆင်မပြေပါဘူး ။

စိတ်မငြိမ်တဲ့အခါမှာ
သတိတွေမကပ်ရင် မချမ်းသာပါဘူး ။

ပျက်စီးခြင်းတွေကြုံတဲ့အခါမှာ
တရားမရှိရင် မသက်သာနိုင်ပါဘူး ။

ဘယ်အဖော်တွေကောင်းတယ်ပြောပြော
ဒီအဖော်တွေလောက်တော့
ချမ်းသာအစစ်ကိုမပေးနိုင်ပါဘူး ။

‌အဖော်သုံးပါးပြည့်စုံနေရင်
လူ့ဘဝဟာ တကယ်ပြည့်စုံပါတယ် ။

ဒီအဖော်တွေဟာ
နေရေးလည်းတာဝန်ယူသလို
သေရေးလည်းတာဝန်ယူပေးနိုင်လို
အမြဲတမ်း လက်တွဲထားဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေသီ 🙏🙏🙏