မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ဇာတ်သိမ်းလှကြပါစေ🌷

တစ်ချို့ဆုံးရှူံမှုတွေက
ပြန်လည်းမရနိုင်တော့သလို
အစား၀ယ်ဖို့လည်း မဖြစ်နိုင်
တော့ဘူး ။

ပြန်မလာတော့မယ့်လမ်းမှာ
စိတ်ဆင်းရဲခံပြီးစောင့်နေမယ်ဆိုရင်
ဘယ်လိုမှ အကျိုးမရှိနိုင်ပါဘူး ။

၀ဋ်ကြွေးဆိုရင်လည်း
သည်းခံခွင့်လွှတ်ပြီးဆပ်ကြရုံပါပဲ ။

ရေစက်ကုန်သွားရင်လည်း
ဒီလောက်နဲ့ပဲ ကျေနပ်ကြရုံပါပဲ ။

ခွင့်မလွှတ်နိုင်ရင်
ကိုယ်ပဲပူလောင်ဆင်းရဲနေရသလို

မစွန့်လွတ်ရင်လည်း
ကိုယ်ပဲပင်ပန်းစွာနေကြရပါတယ် ။

ပြုတ်သွားတဲ့ လက်တိုင်းဟာ
မမြဲချင်တဲ့သူ ဘယ်သူရှိမလဲပေါ့ ။

ဒါပေမယ့် သတ္တဝါတွေဆိုတာ
ကံကုန်လို့ မိုးချုပ်လာပြီဆိုရင်

မထားချင်လည်းထားခဲ့ရပြီးတော့
မသွားချင်လည်းသွားကြရတော့တာပါ ။

အရေးကြီးတာက
မိမိရဲ့လက်ကျန်ဘ၀လေးမှာ

စိတ်ချမ်းချမ်းသာသာ
ကိုယ်ကျန်းကျန်းမာမာနဲ့

ဘယ်သူမှလည်းမထိခိုက်စေတဲ့
ကောင်းတာတွေလုပ်ရင်း
တစ်ဘ၀ဇာတ်သိမ်းလှဖို့ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေသီ🙏🙏🙏